အရဟံ ဇယံ ဂါထာတော်ကြီး

အရဟံ ဗဟိ အန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။

မဟာသမယသုတ် (အနက်)

မဟာသမယသုတ် (နတ်အစည်းအဝေး)

၁။ အကျွနု်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
''ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ'' ဟု (အကြံဖြစ်၏)။


၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။

ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွနု်ပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့'' ဟု (ရွတ်ဆို၏)။

၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
''ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။
ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။
ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာ အပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြား ပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့''ဟု (မိန့်တော်မူ၏)။
''ကောင်းပါပြီ အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။

၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-
(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာ ဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်းပါးတည်း ကိန်းအောင်းလေ့ရှိ ကုန်၏၊ ဖြူစင်သော စိတ်ရှိ၍ နောက်ကျု ကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော် နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ အနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာ အားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏-
ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြား ပေအံ့။

၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင် ၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေ သော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်၏။

၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသော အခြံအရံ ရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒအမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။
အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။
မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။
အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက်အရပ်၌ဝိရူ ပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက် တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပ ကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။

၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သော လှည့်စား တတ်ကုန် သော ကောက်ကျစ်စဉ်းလဲ တတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ် ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ -
စန္ဒနနတ် ကာမသေဋ္ဌနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ် သြပမညနတ် ရထားထိန်းမာတလိနတ် စိတ္တမည်သောဂန္ဓဗ္ဗနတ် သေနမည်သောဂန္ဓဗ္ဗနတ် စိတ္တသေနမည်သောဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပ ဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည် လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည် နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌ နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏၊ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက် ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင်ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည်ကောင်းကင် ခရီးဖြင့် တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည်သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြ ကုန်၏။

၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သောအသူရာ တို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏၊ တန်ခိုးကြီးကုန်၏၊ အခြံအရံများကုန်၏။ ကာလက ဉ္စ အသူရာတို့သည် ကြီးမား၍ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ကို ဖန်ဆင်းလျက်လာကုန်၏။ ဒါနဝေဃသမည်သော (လေးသမား) အသူရာ ဝေပ စိတ္တိအသူရာ သုစိတ္တိအသူရာပဟာရာဒအသူရာတို့သည် မာရ်နတ်သားနှင့် တကွ လာရောက်ကုန်၏။ အားလုံးပင် ဝေရောစအမည်ရှိကုန်သော ဗလိအသူရာကြီး ၏ သားတစ်ရာ တို့သည် ဗလိအသူရာစစ်တပ်ကိုလက်နက်တပ်ဆင်ပြီးလျှင် ရာဟုအသူရိန်ကြီးထံ ချဉ်းကပ်၍ သင့်အား ကောင်းခြင်းမင်္ဂလာ (ဖြစ်ပါစေသတည်း)၊ မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ သွားရန် အချိန်တန်ပါပြီ ဟု ပြောဆိုကုန်၏။

၁ဝ။ ထိုအခါ၌ အာပေါနတ် ပထဝီနတ် တေဇောနတ် ဝါယောနတ် ဝရုဏနတ် ဝါရဏနတ် သောမနတ်တို့သည် ယသနတ်နှင့်တကွ လာရောက်ကုန်၏၊ အခြံအရံ များကုန်သော မေတ္တာနတ် ကရုဏာနတ်တို့ သည်လည်း လာရောက်ကုန်၏။ တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ဆယ်မျိုးကွဲပြားသော ဤ နတ်အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဏ္ဍုနတ် သဟလိနတ် အသမနတ်တို့နှင့်တကွ ယမနတ် နှစ်မျိုးတို့သည် လာ ရောက်ကုန်၏၊ လ၏အခြံအရံဖြစ်သော နတ်တို့သည် လနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏။ နေ၏ အခြံအရံဖြစ်သော နတ်တို့သည် နေနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏၊ ကြယ်တို့၏ အခြံအရံ ဖြစ်ကြကုန်သော နတ်တို့သည် ကြယ်နတ်မင်းတို့ကို ရှေ့ ထား၍ လာရောက်ကုန်၏၊ မန္ဒဝလာဟကနတ် တို့သည်လည်း လာရောက်ကုန်၏။ နတ်တို့၏ အကြီးအမှူးဖြစ်သော ရှေ့၌အလှူ ပေးဖူးသည့် ဝါသဝမည်သော သိကြား မင်းသည်လည်း လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ထိုမှတစ်ပါး မီးလျှံကဲ့သို့ တောက်ပသော သဟဘူနတ်တို့သည် လည်းကောင်း အောက်မဲညိုပွင့်နှင့်တူသော အဆင်းရှိကုန်သော အရိဋ္ဌကနတ် တို့သည် လည်းကောင်း ရောဇနတ် တို့သည် လည်းကောင်း- ဝရုဏနတ်တို့သည် လည်းကောင်း သဟဓမ္မနတ်တို့သည် လည်းကောင်း အစ္စုတနတ် တို့သည် လည်းကောင်း အနေဇကနတ်တို့သည် လည်းကောင်း သုလေယျနတ်တို့သည်လည်းကောင်း  ရုစိရ နတ် တို့သည် လည်းကောင်း လာရောက်ကုန်၏၊ ဝါသဝနေသီ အမည်ရှိသော နတ်တို့သည် လာရောက် ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သမာနနတ် တို့သည် လည်းကောင်း မဟာသမာနနတ် တို့သည် လည်းကောင်း မာနုသနတ် တို့သည် လည်းကောင်း မာနုသုတ္တမနတ် တို့သည် လည်းကောင်း ခိဣာပဒေါသိကနတ် တို့သည် လည်းကောင်း လာရောက် ကုန်၏။ မနောပဒေါသိကနတ် တို့သည်လည်း လာရောက်ကုန်၏။ ထိုမှတစ်ပါး ဟရိနတ် တို့သည် လည်းကောင်း လောဟိတဝါသီနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။ အခြံအရံများသော ပါရဂနတ်တို့သည် လည်းကောင်း မဟာပါရဂနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုး အာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခု တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သုက္ကနတ်တို့သည် လည်းကောင်း ကရ မ္ဘနတ် တို့သည် လည်းကောင်း အရုဏနတ် တို့သည် လည်းကောင်း ဝေဃနသနတ် တို့နှင့်တကွ လာရောက် ကုန်၏၊ သြဒါတဂယှ မည်သော ပါမောက္ခနတ်တို့သည် လည်းကောင်း ဝိစက္ခဏနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။ သဒါမတ္တနတ် တို့သည် လည်းကောင်း ဟာရဂဇနတ် တို့သည် လည်းကောင်း အခြံ အရံများကုန်သော မိဿကနတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အရပ် မျက်နှာတို့၌ မိုးရွာစေလျက် သွားလာလေ့ရှိသော ပဇ္ဇုန္နနတ်သည်လည်း မိုးထစ် ချုန်းစေ လျက် လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခု တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ခေမိယနတ်တို့သည် လည်းကောင်း တုသိတာ (ပြည်၌နေသော) နတ်တို့သည် လည်းကောင်း ယာမာ (ပြည်၌နေသော) နတ်တို့သည် လည်းကောင်း အခြံအရံများကုန်သော ကဋ္ဌကနတ်တို့သည် လည်းကောင်း လမ္ဗီတကနတ် တို့သည် လည်းကောင်း လာမသေဋ္ဌနတ် တို့သည် လည်းကောင်း ဇောတိမည်သော နတ်တို့သည် လည်းကောင်း အာသဝ နတ်တို့သည် လည်းကောင်း နိမ္မာနရတိနတ် တို့သည် လည်းကောင်း ပရနိမ္မိတ (ဝသဝတ္တီ) နတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အားလုံး ပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ထိုခြောက်ကျိပ်သော နတ်အစုအရုံးတို့သည်အမည် အနွယ်အလိုက် လာရောက်ကုန်၏၊
(အမျိုးအမည်) တူသော တစ်ပါးသော နတ်တို့သည်လည်း လာရောက် ကုန်သေး၏။ ပဋိသန္ဓေနေခြင်း ကင်းပြီးသော၊ (ရာဂ ဒေါသ မောဟ တည်းဟူသော) ခလုတ် တံသင်း မရှိသော၊ သြဃလေးဖြာ မှကူးမြောက်ပြီး သော၊ အာသဝေါတရား မရှိသော အရိယသံဃာတော်ကို လည်းကောင်း ညစ်ညူးခြင်း ကင်းသည့် လမင်းသဖွယ် တင့်တယ်တော်မူသော၊ သြဃလေးဖြာမှ ကူးမြောက်စေတော်မူသော မြတ်စွာဘုရားကို လည်းကောင်း ဖူးမြော်ကုန်အံ့ ဟု (ကြွေးကြော်၍လာကုန်၏)။

၁၁။ တန်ခိုးကြီးမားတော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော သုဗြဟ္မာမည်သော ဗြဟ္မာနှင့် ပရမတ္ထမည်သော ဗြဟ္မာတို့သည် အတူလာရောက် ကုန်၏၊ သနင်္ကုမာရဗြဟ္မာနှင့် တိဿဗြဟ္မာ တို့သည်လည်း မဟာဝုန်တော ရဟန်း တို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ လက်တစ်ချောင်းဖြင့် စကြာဝဠာတစ်ထောင် လက်ဆယ်ချောင်းဖြင့် စကြာဝဠာ တစ်သောင်း တိုင်အောင် အရောင်အဝါ ပျံ့နှံ့စေနိုင်သော ဗြဟ္မာတစ်ထောင်သည် အစည်းအဝေးသို့ လာရောက်၏၊ ဗြဟ္မာပြည်၌ ပဋိသန္ဓေ အားဖြင့် ဖြစ်သော အာနုဘော်နှင့်ပြည့်စုံသော ကြီးသောကိုယ်ရှိသော ကျက်သရေနှင့် ပြည့်စုံ သော မဟာဗြဟ္မာသည် အခြားဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်စိုးလျက် တည်၏။ ဗြဟ္မာတစ်ထောင်စီ အသီးသီး အစိုးရကုန်သော မဟာဗြဟ္မာဆယ်ဦးတို့သည် ဤအစည်းအဝေးသို့ လာရောက်ကုန်၏၊ ထိုဗြဟ္မာတို့အနက် ဟာရိတမည်သော မဟာဗြဟ္မာသည်လည်း (ဗြဟ္မာတစ်သိန်း) ခြံရံလျက် လာရောက်၏။

၁၂။ ရဟန်းတို့ မာရ်နတ်၏ မိုက်မဲပုံကို ရှုကုန်လော့၊ သိကြား မဟာဗြဟ္မာတို့ နှင့်တကွ ရှေးရှု လာကုန်သော ထိုနတ်ဗြဟ္မာ အားလုံးတို့ဆီသို့ မာရ်နတ်၏ စစ်သည် တို့သည် ရှေးရှုချီတက်လာကြ ကုန်ပြီ။ လာကြကုန်လော့၊ ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ ရာဂဖြင့် ချည်တုပ် ကြကုန်လော့၊ ထက်ဝန်းကျင်မှ ဝိုင်းဝန်းထားကြကုန်လော့။ သင်တို့သည် တစ်ဦး တစ်ယောက်ကိုမျှ မလွတ်စေကြ ကုန်လင့်။ ဤသို့ ဆိုလျက် စစ်သည်များစွာရှိသော မာရ်နတ်မင်းသည် မြေပြင်ကို လက်ဖြင့် ပုတ်ခတ်၍ လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းရွာသကဲ့သို့ ကြောက်မက်ဖွယ်အသံကို ပြုလျက် ထိုအစည်းအဝေးသို့ မာရ်စစ်သည်ကို စေလွှတ်၏၊ ထိုအခါ မာရ်နတ် မင်းသည် မိမိအလိုအတိုင်း မဖြစ်သောကြောင့် ပြင်းစွာ အမျက်ထွက်လျက် ပြန်ရ လေ၏။

၁၃။ စက္ခုငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားသည် ထိုအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြား မှတ်သားတော်မူပြီးလျှင် သာသနာတော်၌ မွေ့လျော်ကုန် သော တပည့်သာဝကတို့အား ''ရဟန်းတို့ မာရ်နတ်စစ်သည် တို့သည် ရှေးရှုချီတက် လာကုန်၏၊ ထိုမာရ်နတ်စစ်သည် တို့ကို သိကုန်လော့'' ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အမိန့်တော်ကို ကြား၍ (သိအောင်) အားထုတ် ကုန်၏၊ (မာရ်စစ်သည်တို့သည်) ထိုရဟန္တာတို့၏ မွေးညင်းကိုမျှလည်း မလှုပ်ရှားစေနိုင်သည် ဖြစ်၍ ထိုရဟန္တာတို့ထံမှ ဖဲခွါသွားလေကုန်ပြီ၊ (ထိုအခါ မာရ်နတ်မင်း သည် ရဟန်းသံဃာကို အာရုံပြု၍ ဤဂါထာကို ရွတ်ဆို၏)။ စစ်ပွဲကို အောင်မြင်ပြီးကုန်သော ကြောက်ရွံ့ခြင်း ကင်းပြီး ကုန်သော ကျော်စောခြင်း ရှိကုန်သော လူအပေါင်း၌ ထင်ရှားကုန်သော ထို (အရိယာ) သာဝက အားလုံးတို့ သည် (အခြား) အရိယာတို့နှင့် အတူ ဝမ်းမြောက် ကြလေကုန်သတည်း။
မဟာသမယသုတ် ပြီး၏။

မဟာသမယသုတၱံ

မဟာသမယသုတၱံ

၁။ ဧဝံ မေ သုတံ -- ဧကံ သမယံ ဘဂဝါ
သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ အထ ခေါ စတုန္နံ သုဒ္ဓါဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ -- ''အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ ယံနူန မယမ္ပိ ယေန ဘဂဝါ တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာ''တိ။

ပစ္စယနိဒ္ဒေသ

(၁) ဟေတုပစ္စယ- ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္မယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စေယော။

(၂) အာရမ္မဏပစ္စယ- အာရမ္မဏပစ္စယောတိ။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။

သုံးဆယ့်နှစ်ကောဋ္ဌာသ

သုံးဆယ့်နှစ်ကောဋ္ဌာသ ပါဠိ

အတ္ထိ ဣမသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္စံ၊ ဝက္ကံ၊ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ၊ ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တန္တိ။

သာသနာတော်ကြီး သန့်စင်ရေးအတွက် ကြိုးပမ်းမှု တစ်ခု

http://www.lknt11.com/2010/04/blog-post_18.html

သာသနာတော်ကြီး သန့်စင်ရေးအတွက် ကြိုးပမ်းမှု တစ်ခုအဖြစ်မှတ်တမ်းတင်အပ်ပါသည်။


သာဓု သာဓု သာဓု

အာနာပါနဿတိသုတ် (လယ်တီဆရာတော်)

အာနာပါနဿတိသုတ်
ပထမစတုက္က ပါဠိတော်နည်း
၁။ ပထမခန်း။ ။ သော သတောဝ အဿသတ၊ိ သတောဝ ပဿသတိ။
၂။ ဒုတိယခန်း။ ။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊
                     ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ၊
                     ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊
                     ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

၈။ သမ္မာသမာဓိ ၄-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၈။ သမ္မာသမာဓိ ၄-ပါး ပါဌ်အနက်
ပဌမဇ္ဈာနသမာဓိ, ဒုတိယဇ္ဈာနသမာဓိ, တတိယဇ္ဈာနသမာဓိ, စတုတ္ထဇ္ဈာနသမာဓိ။
၁။ ပဌမဇ္ဈာနသမာဓိ= ရှေးဦးစွာ ကသိုဏ်းစသော တစ်ခုသောသမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင် ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော ပဌမဈာန်သမာဓိ။
၂။ ဒုတိယဇ္ဈာနသမာဓိ=နှစ်ကြိမ်မြောက် ကသိုဏ်းစသော တစ်ခုသော သမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင် ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော ဒုတိယဈာန်သမာဓိ။
၃။ တတိယဇ္ဈာနသမာဓိ=သုံးကြိမ်မြောက် ကသိုဏ်းစသော တစ်ခုသော သမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင် ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော တတိယဈာန်သမာဓိ။
၎။ စတုတ္ထဇ္ဈာနသမာဓိ=လေးကြိမ်မြောက် ကသိုဏ်းစသော တစ်ခုသော သမထအာရုံ၌ တုန်လှုပ်ခြင်း မရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သောစတုတ္ထဈာန်သမာဓိ။

၇။ သမ္မာသတိ ၄-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၇။ သမ္မာသတိ ၄-ပါး ပါဌ်အနက်
ကာယာနုပဿနာ သတိပဋ္ဌာနံ, ဝေဒနာနုပဿနာသတိပဋ္ဌာနံ, စိတ္တနုပဿနာသတိပဋ္ဌာနံ, ဓမ္မာနုပဿနာသတိပဋ္ဌာနံ။
 ၁။ ကာယာနုပဿနာသတိပဋ္ဌာနံ=ထွက်သက်၊ ဝင်သက်အစရှိသောကိုယ်အင်္ဂါ အစု၌အရှုအမြင်အထင် အစွဲမြဲသောသတိ တရား။
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာနံ=သုခ, ဒုက္ခ စသော ဝေဒနာအစု၌အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။
၃။ စိတ္တာနုပဿနာသတိပဋ္ဌာနံ=သရာဂ, သဒေါသစသော စိတ်အစု၌အရှုအမြင် အထင်အစွဲ မြဲသော သတိ တရား။
၎။ ဓမ္မာနုပဿနာသတိပဋ္ဌာနံ=ကာမစ္ဆန္ဒစသော ဓမ္မအစု၌ အရှုအမြင် အထင်အစွဲ မြဲသောသတိတရား။

အကြမ်းမဖက် မေတ္တာနဲ့နေကြပါလားဗျာ။

ဘာပြောရမလဲတောင် မသိတော့ဘူး။
http://blog.nyilynnseck.com/2010/04/bomb-blasts-infront-of-x2o-mandap.html
http://first-11.com/index.php?option=com_content&view=article&id=2711:-x2o-&catid=42:2009-11-10-07-36-59&Itemid=112


ဗုဒ္ဓဘာသာနိုင်ငံမှာ အကြမ်းမဖက် မေတ္တာနဲ့နေကြပါလားဗျာ။

လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေ ကျန်းမာ ချမ်းသာကြပါစေ။

၆။ သမ္မာဝါယာမ ၄-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၆။ သမ္မာဝါယာမ ၄-ပါး ပါဌ်အနက်
အနုပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ အနုပုပ္ပါဒါယ ဝါယာမော၊ ဥပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဝါယာမော၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဝါယာမော၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဘိယျောဘာဝါယ ဝါယာမော။
၁။ အနုပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ မဖြစ်ကုန်သေးသော၊ အကုသလာနံ ဓမ္မာနံ=မကောင်းသော တရား တို့ကို၊ အနုပ္ပါဒါယ =ဤဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် နောင်တစ်ရံ တစ်ဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်း အကျိုးငှါ၊ ဝါယာမော =မဂ္ဂင်ရှစ်ပါးတရားကို အားထုတ်ခြင်း။
၂။ ဥပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ ဖြစ်ပြီး, ဖြစ်ဆဲ ဖြစ် ကုန်သော၊အကုသလာနံ ဓမ္မာနံ=မကောင်း သော တရားတို့ကို၊ ပဟာနာယ =ဤဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် နောင် တစ်ဖန် မိမိသန္တာန်၌ တစ်ရံတစ်ဆစ်မျှ မဖြစ်လာ ရအောင် ပယ်သတ်ခြင်းငှါ၊ ဝါယာမော=မဂ္ဂင်ရှစ်ပါး တရားကို အားထုတ်ခြင်း။
၃။ အနုပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ မဖြစ်ဖူးကုန်သော၊ကုသလာနံ ဓမ္မာနံ=ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့ကို၊ ဥပ္ပါဒါယ= ယခုဘဝမှာပင် မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းငှါ၊ ဝါယာမော=မဂ္ဂင်ရှစ်ပါး တရားကို အားထုတ်ခြင်း။
၎။ ဥပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ ဖြစ်ပြီး, ဖြစ်ဆဲ ဖြစ်ကုန်သော၊ကုသလာနံ ဓမ္မာနံ=သီလ အစရှိကုန် သော ကုသိုလ်တရားတို့ကို၊ ဘိယျောဘာဝါယ=အဆင့်ဆင့်တိုးတက်၍ အနုပါဒိသေသ နိဗ္ဗာန် ရသည့် ဘဝ တိုင်အောင် မပျက်မကွက်ပဲ အစဉ်မြဲ၍ သွားအောင် ပွားများစေခြင်းငှါ၊ ဝါယာမော=မဂ္ဂင်ရှစ်ပါး တရားကို အားထုတ်ခြင်း။

၅။ သမ္မာအာဇီဝ ၄-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၅။ သမ္မာအာဇီဝ ၄-ပါး ပါဌ်အနက်
ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ, အနေသနမိစ္ဆာဇီဝဝိရတိ,ကုဟနာဒိမိစ္ဆာဇီဝဝိရတိ, တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ။
၁။ ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ = လူတို့မှာ ကာယဒုစ္စရိုက် ၃-ပါး၊ ဝစီဒုစ္စရိုက် ၄-ပါးတို့ဖြင့် ယုတ်မာစွာသော အသက် မွေးခြင်းမှ ကြဉ် ရှောင်ခြင်း။
၂။ အနေသနမိစ္ဆာဇီဝဝိရတိ=ရသေ့, ရဟန်းတို့မှာ လူတို့အားသစ်သီးပေးခြင်း, ပန်းပေးခြင်းစသော နှစ်ဆယ့် တစ်ပါးသော အနေသန အမှုတို့ဖြင့် ယုတ်မာစွာသော အသက်မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။
၃။ ကုဟနာဒိမိစ္ဆာဇီဝဝိရတိ=ရသေ့ ရဟန်းတို့မှာ အံ့ဖွယ် သရဲကိုပြ၍စဉ်းလဲလိမ်လည်ခြင်း အစရှိသော ငါးပါးသော အမှုတို့ဖြင့် ယုတ်မာ စွာသော အသက်မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။
၎။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ= ရသေ့ ရဟန်းတို့၏ အကျင့်သီလနှင့် ဖီလာကန့်လန့် ဆန့်ကျင် ဖက်ဖြစ်ကုန် သော အင်္ဂဝိဇ္ဇာ, နိမိတ္တ ဝိဇ္ဇာအစရှိကုန်သော တစ်ရာ့လေးဆယ်မျှလောက်သော အတတ်ပညာ ဝိဇ္ဇာမှုမျိုးတို့ဖြင့် ယုတ်မာစွာသော အသက် မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။

၎။ သမ္မာကမ္မန္တ ၃-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၎။ သမ္မာကမ္မန္တ ၃-ပါး ပါဌ်အနက်
ပါဏာတိပါတဝိရတိ, အဒိန္နာဒါနဝိရတိ, ကာမေသုမိစ္ဆာ စာရဝိရတိ။
၁။ ပါဏာတိပါတဝိရတိ=အသက်ရှိသူ လူ, တိရစ္ဆာန် သတ္တဝါ မှန်သမျှတို့ကို သတ်ပုတ်ညှင်းဆဲခြင်းမှ ကြဉ် ရှောင်ခြင်း။
၂။ အဒိန္နာဒါနဝိရတိ=အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်ခြင်း။
၃။ ကာမေသုမိစ္ဆာစာရဝိရတိ=ယစ်မျိုးငါးပါး သောက်စားမှုနှင့်တကွမာတုရက္ခိတစသော နှစ်ကျိပ်သော မိန်းမတို့၌ လည်းကောင်း, မိမိ လင်မှတစ်ပါးသော ယောက်ျား တို့၌လည်းကောင်း ဖောက်ပြန်စွာ ကျင့်ခြင်းမှ ကြဉ် ရှောင်ခြင်း။

၃။ သမ္မာဝါစာ ၄-ပါးပါဌ်အနက် (လယ်တီဆရာတော်)

၃။ သမ္မာဝါစာ ၄-ပါးပါဌ်အနက်
မုသာဝါဒဝိရတိ, ပိသုဏဝါစာဝိရတိ, ဖရုသဝါစာဝိရတိ,သမ္ဖပ္ပလာပ ဝိရတိ။
၁။ မုသာဝါဒဝိရတိ= မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှကြဉ်ရှောင်ခြင်း။
၂။ ပိသုဏဝါစာဝိရတိ=နှစ်ဦးသော သူတို့၏ အကြား၌ ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း။
၃။ ဖရုသဝါစာဝိရတိ = သူတစ်ပါးတို့၏ စိတ်နှလုံး ခိုက်တိုက်ကျင်နာ မခံသာအောင် ကြမ်းကြုတ်စွာ ထိပါး လျက် ဆယ်ပါးသော ဆဲရေး ခြင်း တို့ဖြင့် ဆဲရေးသော အမှုမှကြဉ်ရှောင်ခြင်း။
၎။ သမ္ဖပ္ပလာပဝိရတိ=ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုးနှင့်မစပ်မလျဉ်းဘဲ ပြိန်ဖျင်းလျက် ဆန်းကြယ်စွာသော ရာမ ဇာတ်, အီနောင်ဇာတ် အစရှိသော ဒဏ္ဍာရီစကားမျိုး, သုံးဆယ့် နှစ်ပါးသော တိရစ္ဆာနကထာ စကားမျိုးတို့မှ ကြဉ်ရှောင်ခြင်း။


၂။ သမ္မာသင်္ကပ္ပ ၃-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၂။ သမ္မာသင်္ကပ္ပ ၃-ပါး ပါဌ်အနက်
နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အဝိဟိံသာသင်္ကပ္ပ။
၁။ နေက္ခမ္မသင်္ကပ္ပ= လောဘအာရုံ ကာမဂုဏ်ခန္ဓာ သံသရာ ညွန်ဗွက်မှ ထွက်မြောက်ရာ ထွက်မြောက် ကြောင်း ကောင်းမြတ် သောအကြံအစည်။
၂။ အဗျာပါဒသင်္ကပ္ပ= အသက်ရှိသူ လူ, တိရစ္ဆာန် သတ္တဝါမှန်သမျှတို့အား အသက်ခန္ဓာချမ်းသာ စေလိုကြောင်း ကောင်းမြတ် သော အကြံအစည်။
၃။ အဝိဟိံသာသင်္ကပ္ပ= အသက်ရှိသူ, လူတိရစ္ဆာန်သတ္တဝါမှန်သမျှတို့အား ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေလိုကြောင်း ကောင်းမြတ် သော အကြံအစည်။

၁။ သမ္မာဒိဋ္ဌိ ၃-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၁။ သမ္မာဒိဋ္ဌိ ၃-ပါး ပါဌ်အနက်
ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဒသဝတ္ထုကသမ္မာဒိဋ္ဌိ, စတုသစ္စသမ္မာဒိဋ္ဌိ။
၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = သတ္တဝါတို့အား မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည် သာ လျှင် ဘဝများစွာ,ကမ္ဘာများစွာသွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာရှိကြ ကုန် သည် ဟု သိမြင်သော သမ္မာဒိဋ္ဌိ။
၂။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ = ဉာဏ်၏ သက်ဝင်ရာ ဝတ္ထုအပြား ဆယ်ပါးရှိသော သမ္မာဒိဋ္ဌိ။
၃။ စတုသစ္စသမ္မာဒိဋ္ဌိ = ဉာဏ်၏ သက်ဝင်ရာ အဟုတ်ကြီး ၄-ပါး,အမှန်ကြီး ၄-ပါး ထင်ရှားရှိသောသမ္မာဒိဋ္ဌိ။

ခက်မာ, ဖွဲ့စေး, ပူအေး, ထောက်ကန် (လယ်တီဆရာတော်)

'' ခက်မာ, ဖွဲ့စေး, ပူအေး, ထောက်ကန်''
ဓာတ်လေးပါးအစဉ်
ခက်မာ၌ ခက်မာ, နူးညံ့ ၂-ပါးကိုယူ၊ ဖွဲ့စေး၌ ဖွဲ့စေး, ယိုစီး ၂-ပါးကိုယူ၊ ပူအေး၌ ထက်သော တေဇော, နုံ့သော တေဇော ၂-ပါးကိုယူ၊ထောက်ကန်၌ ထောက်ကန်, လှုပ်ရှား ၂-ပါးကိုယူ။
၁။ ခက်မာမှုကား ထက်သန်သော ပထဝီတည်း, နူးညံ့မှုကားနုံ့သော ပထဝီတည်း။
၂။ ဖွဲ့စေးမှုကား နုံ့သော အာပေါတည်း, ယိုစီးမှုကား ထက်သောအာပေါတည်း။
၃။ ပူနွေးမှုကား ထက်သော တေဇာတည်း, အေးချမ်းမှုကား နုံ့သောတေဇောတည်း။
၎။ ထောက်ကန်မှုကား နုံ့သော ဝါယောတည်း, လှုပ်ရှားမှုကားထက်သော ဝါယောတည်း။

မဂ္ဂင်္ဂဒီပနီ (လယ်တီဆရာတော်)

မဂ္ဂင် ၈-ပါး
(၁) သမ္မာဒိဋ္ဌိ
     (၁-၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ
          (၁-၁-၁) သဗ္ဗေ သတ္တာ ကမ္မဿကာ
          (၁-၁-၂) သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ
          (၁-၁-၃) သဗ္ဗေ သတ္တာ ကမ္မယောနီ
          (၁-၁-၄) သဗ္ဗေ သတ္တာ ကမ္မဗန္ဓူ
          (၁-၁-၅) သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ

မိုးကုတ်ဆရာတော်ကြီး ၏ သြ၀ါဒများ

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။
၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။

ဗောဓိပက္ခိယတရား (၃၇) ပါး

ဗောဓိပက္ခိယတရား (၃၇) ပါး

မဂ်ဉာဏ်၏ အသင်းအပင်းတွင်ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ပါဝင်၍ မဂ်ဉာဏ်၏အကျိုးကို သယ်ပိုး ဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်သည်။ (ဗောဓိ-မဂ်ဉာဏ်၊ ပက္ခိယ-အဖို့အစု)
(က) သတိပဋ္ဌာန် (၄)ပါး
(ခ) သမ္မပ္ပဓာန် (၄)ပါး
(ဂ) ဣဒ္ဓိပါဒ် (၄)ပါး
(ဃ) ဣနြေ္ဒ (၅)ပါး
(င) ဗိုလ် (၅)ပါး
(စ) ဗောဇ္ဈင် (၇)ပါး
(ဆ) မဂ္ဂင် (၈)ပါး

ပွင့်တော်မူပြီးသော ဘုရားရှင်များ


ဆုံးစမထင်သော သံသရာ တစ်လျှောက်တွင် ဂင်္ဂါဝါလု သဲစုမကသော ဘုရားများ ပွင့်ခဲ့ကြသည်။ 
အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်
၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာ ဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

နေ့စဉ်နေ့တိုင်း လိုက်နာကျင့်ကြံဖွယ်များ


၁။နေထွက်နေ၀င်။ကိုးဂုဏ်ရှင်၊နေ့စဉ် ရှိခိုးမယ်
၂။အနန္တငါး၊ဂုဏ်တော်များ၊ညွတ်တွား ကန်တော့မယ်
၃။မျက်နှာသစ်လျှင်၊ရေကိုမြင်။မြင်စဉ် မေတ္တာပွားပါ့မယ်။
၎။သစ်ရင်းသစ်ရင်း၊လျော့ယိုယွင်း၊ရုပ်ဆင်း သတိထားပါ့မယ်
၅။မသန့်မစင်၊ရေအိမ်ဝင်၊ဆင်ခြင်အသုဘ ပွားပါ့မယ်
၆။လူမမာကြီး၊ဆေးကျွေးနည်း၊ပုံမှီး၍သာ၊ဤခန္ဓာ အစာရေစာ ကျွေးပါ့မယ်
ရ။နူနာကောင်ကြီး၊ကျပ်တွေစည်း၊ပုံမှီး၍သာ၊၊ဤခန္ဓာ တန်ဆာအ၀တ်ဆင်ပါ့မယ်

ပဋိလောမ ပဋိစ္စသမုပ္ပါဒ် အနက်

အဝိဇ္ဇာယ တွေဝ၊ အဝိဇ္ဇာ၏သာလျှင်၊ အသေသဝိရာဂနိရောဓာ၊ ဝိရာဂမည်သော ဝိဇ္ဇာဉာဏ်ဖြင့် အကြွင်း မရှိ ချုပ်ငြိမ်းခြင်းကြောင့်၊ သခါင်္ရနိရောဓော၊ အကုသိုလ်ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သခါင်္ရတို့ ၏ချုပ်ငြိမ်း ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
သခါင်္ရနိရောဓာ၊ အကုသိုလ်ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သခါင်္ရတို့ ၏ချုပ်ငြိမ်းခြင်းကြောင့်၊ ဝိညာဏ နိရောဓော၊ ဘဝသစ်ဝိညာဏ်၏ မပေါ်အလျှင်း ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဝိညာဏနိရောဓာ၊ ဝိညာဏ်၏ ချုပ်ငြိမ်းခြင်းကြောင့်၊ နာမရူပနိရောဓော၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။

အနုလောမ ပဋိစ္စသမုပ္ပါဒ် အနက်

အဝိဇ္ဇာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင် မထင်မလင်းမှု ဟူသော အကြောင်းတရား ထင်ရှားရှိနေခြင်း ကြောင့်၊ သခါင်္ရာ၊ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သခါင်္ရမှုတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ပွါး ကုန်၏။
သခါင်္ရာပစ္စယာ၊ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သခါင်္ရတရား ထင်ရှားရှိနေခြင်း ကြောင့်၊ ဝိညာဏံ၊ ဘဝသစ်၌ ဝိဉာဏ်သစ် ဖြစ်ပေါ်မူသည်။ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။

ဘ၀တိုင်း ဆုံတွေ့ ချင်ပါသလား.........

“ကိုလေးရေ ဒီမှာ ကြည့်ပါဦး ၊ သတင်းစာထဲမှာ ”
“ ဖတ်ပြပါဦး ၊ ဘာပါလို့ လဲ”
“ ဆယ်နှစ်မြောက်မင်္ဂလာ ကိုမောင်မောင်နိုင်+ မဇင်မာဝေ တဲ့ ၊ သူ့အောက် တည့်တည့်မှာကျတော့ နှစ်ဦး သဘော တူကွာရှင်း ပြတ်စဲခြင်းကိုစိုးသိန်း+မစန္ဒာ တဲ့ ”
“ဘာလဲ အဒါတွေက ညီမလေး အသိတွေ ဖြစ်နေလို့လား”
“ မသိပါဘူးကိုလေးရဲ့ ၊ စာတစ်စုတည်းမှာဖတ်ရသူအဖို့ခံစားမှု နှစ်မျိုးတစ်ပြိုင်တည်းပေးနေလို့ ”
“ ဘယ်လို ခံစားမှုမျိုး တစ်ပြိုင်တည်း ပေးနေလို့လဲ”

ဂတိချိုချိုဂတိခါးခါး

တစ်ခါတုန်းကအနိဝတ္တဗြဟ္မဒတ်မင်းဆိုတာရှိခဲ့ဖူးပါတယ်။အနိဝတ္တမင်းဆိုတာမြန်မာလိုပြန်ရင်တော့နောက် မဆုတ်တဲ့မင်းလို့အဓိပ္ပါယ်ရပါတယ်။အဲဒီမင်းကဘာကိုပဲလုပ်လုပ်နောက်ဆုတ်လေ့မရှိပါဘူးတဲ့။တစ်နေ့တော့ အနိဝတ္တ မင်းကဥယျာဉ်တော်ကိုထွက်ခဲ့ပါတယ်။အဲဒီအချိန်မှာတောမီးထလောင်ပါတယ်။မီးကအစို အခြောက် မရွေးသစ်ပင်မြက်ပင်တွေကိုအကုန်လောင်တော့တာပါ။နောက်ကိုမဆုတ်ဘဲ တိုးတိုးပြီးတော့ လောင်သွားတာပါ။အနိဝတ္တမင်းကလောင်နေတဲ မီးကိုဥပမာ ပြုပြီးအာရုံ နမိတ်ယူပါတယ်။

မသေခင် ဘာလုပ်ကြမလဲ

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်း ရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။
မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။
အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကိုတည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသထွက်နေဦးမှာလဲ။
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်
မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။ ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါ တတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများအကျိုးပြုနိုင်မှာ မို့လဲ။ လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်းမဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင်မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိအသုံးချတတ် ရပါမယ်။ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်းလုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။
ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။
အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။
ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ်
မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။
အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ
ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။
လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ)
ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေ တဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။
ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ
မဖြစ်စေရ ပါဘူး။
ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်း ကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။
ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တို ဖြစ်ပြီးကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊အထိအတွေ့၊သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာအထင်ကြီးတာပါ။ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီး
နေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။
မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။
ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။
သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။
ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့မပြုလုပ် ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါ အများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။
အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။
သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက်မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေတွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။
အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲမက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။
ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။
ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။
သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုးကင်းရှင်းရပါမယ်။
ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုးမဖြစ်အောင် သတိထားရပါမယ်။
ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။
“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိစွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ပါဘူး။
ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာအရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်းရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။
မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲတစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာအကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

စာရေးသူ-ဆရာတော် အရှင်ဆန္ဒာဓိက

http://mtbgroup.ning.com/profiles/blogs/3817386:BlogPost:7798

တောင်းခြင်းသည် မုန်းခြင်းကိုဖြစ်စေပါသလား....

“ကိုလေး”
“ပြောလေညီမလေး၊ဘာမေးစရာရှိလို့လဲ”
“မြတ်စွာဘုရားကတောင်း တာကို မနှစ်သက်ဘူးဆို”
“ဘာလဲညီမလေးကကိုလေးကိုတောင်းစရာရှိနေပြီး ထင်တယ်”
“ဟာ....မဟုတ်ပါဘူးကိုလေးရ၊အဲဒီတောင်းတာကိုမနှစ်သက်တဲ့ အကြောင်းသိချင်လို့”
“သြော်”
“ပြောပြပါဦးကိုလေးရ”
“ဒါဆိုလည်းပြောပြရတာပေါ့၊ မြတ်စွာဘုရားဟာ တောင်းခြင်းကိုမနှစ်သက်ဘူး၊ ဒီအကြောင်း စတာ ကတော့ မြတ်စွာဘုရားရဲ့တပည့်ရဟန်းအချို့ကြောင့်ပဲ၊ မြတ်စွာဘုရားရဲ့ တပည့်ရဟန်းအချိုဟာဒကာ၊ဒကာမ တွေဆီကမဆင်မခြင်တအားတောင်းကြတယ်၊ တောင်းပါများ လာတော့ဒကာ၊ ဒကာမတွေမှာ အခက်အခဲတွေဖြစ်လာတာပေါ့ ၊ဒါကိုမြတ်စွာ ဘုရားကသိတော့ ဒကာဒကာမတွေဆီက မတောင်းရဘူး ဆိုပြီးသိက္ခာပုဒ်တစ်ခု ပညတ်တော်မူတယ်၊ပြီးတော့ အတိတ်ဝတ္ထုတွေ ပြန်ဟောပြီး တောင်းခြင်းရဲ့အကျိုးအပြစ်ကိုမိန့်တော်မူတယ်”
“အဲဒီအတိတ်ဝတ္ထုတွေ ပြောပြပါဦး”
“တစ်ခါကရသေ့ညီနောင်နှစ်ပါးဟာဂင်္ဂါမြစ်ကိုအမှီပြုပြီးနေကြတယ်၊အဲဒီအချိန်မှာမဏီကဏ္ဍ မည်တဲ့နဂါး တစ်ကောင်ဟာဂင်္ဂါမြစ်ကို ကူးပြီး ညီငယ်ရသေ့ဆီကိုလာ တယ်၊ ပြီးတော့ညီငယ်ရသေ့ကို အခွေနဲ့ခုနစ်ပတ်ရစ်ပတ်ပြီး ဦးခေါင်းပေါ်မှာပါးပျဉ်းကို မိုးထားတယ်”
“ဟင်....ကြောက်စရာကြီးနော်”
“ကြောက်စရာကြီးပေါ့၊ ညီငယ်ရသေ့က ကြောက်လွန်းလို့တစ်နေ့တခြားပိန်လာတယ်၊အသွေးအသား တွေခေါင်းပါးပြီးရုပ်အဆင်းအင်္ဂါတွေပျက်လာတယ်၊ တစ်နေ့မှာပိန်ချုံးနေတဲ့ ညီငယ်ကိုကြည့်ပြီး
နောင်တော်ရသေ့က မေးတယ်၊ ဘာဖြစ်လို့ ပိန်နေရတာလဲ ပေါ့၊ဒီအခါမှာညီငယ်ရသေ့က နောင်တော် ရသေ့ကို အကြောင်းစုံပြောပြတယ်။
ဒီတော့နောင်တော်ရသေ့က“ညီငယ်နဂါးမလာခြင်းကိုအလိုရှိသလား”လို့မေးတယ်၊ညီငယ်ရသေ့ကလည်းအားရဝမ်းသာ နဲ့အလိုရှိတယ်ပေါ့လေ၊ ဒါနဲ့နဂါးမှာပစ္စည်း တစ်ခုခုပါလာတာ ကိုမြင်မိသလားလို ့ထပ်မေးတယ်၊ ညီငယ်ရသေ့ကလည်းနဂါးရဲ့ လည်ပင်းမှာပတ္တမြား တစ်လုံးဝတ်ဆင်ထားတာကို တွေ့တယ်ပေါ့လေ၊ ဒါဆို ဒိတစ်ခါ နဂါးလာရင် လည်ပင်းမှာ ၀တ်ထားတဲ့ ပတ္တမြားကို တောင်းပေတော့ လို့  အကြံပေးတယ်။ ညီငယ်ရသေ့ ကလည်း နောင်တော်ရသေ့မှာတဲ့အတိုင်း နဂါးလာ တာ ကို မြင်တာနဲ့ “နဂါးမင်း ပတ္တမြားကိုပေးပါ” ဆိုပြီးတောင်းတော့တာပဲ။
နဂါးမင်းကလည်း ငါ့ဆီကနေ ရသေ့က ပတ္တမြား ကို တောင်းနေပြီဆိုပြီးရောက် တဲ့နေရာကပဲ ပြန်သွားတယ်၊ ညီငယ် ရသေ့က နဂါးလာတိုင်း ပတ္တမြားကို တောင်းတယ် ၊တောင်းတိုင်းလည်း နဂါးက ရောက် တဲ့အရပ်ကလှည့်ပြန်တော့တာ ပဲ၊ဒီလိုနဲ့သုံးကြိမ်မြောက်တဲ့ အခါမှာ နဂါးမင်းက ညီငယ်ရသေ့ကိုဂါထာတွေနဲ့ပြောတယ်၊ကိုလေးဆိုပြမယ်။
“ဟုတ်ကဲ့ကိုလေး”
“မမန္နပါန ၀ိပုလံဥဠာရံ၊ ဥပဇ္ဇတီမဿ မဏိဿဟေတု၊ တံတေနဒဿမမာဂမိဿံ၊ သုသူယထာသက္ခရ ဓောတပါဏီ၊ တာသေသိ မံ သေလမာယာစမာနော၊တံတေန ဒဿံ အတိယာစကောသိ၊ နစာပိတေ အဿမမာဂမိဿံ။
မြန်မာလိုပဲတိုက်ရိုက်ပြန်မယ်၊ အနက်ပေးမပြန်တော့ဘူးနော် ”
“ ဟုတ်ကဲ့ ” “
ရှင်ရသေ့ ၊ ငါ့အားပြန့်ပြော မွန်မြတ်သောထမင်း အဖျော်သည်ဤပတ္တမြား၏အကြောင်းကြောင့်ဖြစ်ပေါ်၏၊ထိုပတ္တမြားကိုသင့်အားပေးလိမ့်မည်မဟုတ်၊သင်သည်မသိဆိုးကောင်းအလွန်တောင်း၏၊သင်၏ကျောင်းသင်္ခမ်းသို့လည်းလာတော့မည် မဟုတ်။ကျောက်၌ သွေးအပ်သော သန်လျက်လက်၌ ရှိသော ယောကျ်ားပျိုသည် ငါ့ကိုခြိမ်းခြောက်နေဘိသကဲ့သို့ ထို့အတူ ပတ္တမြားကိုတောင်း၍ ခြိမ်းခြောက်လေပြီ၊ ထို ပတ္တမြား ကိုသင့်အားပေးလိမ့်မည်မဟုတ်၊ သင်သည် မသိဆိုးကောင်းအလွန် တောင်း၏၊
သင်၏ ကျောင်း သင်္ခမ်း သို့လည်းလာတော့မည်မဟုတ်” နဂါမင်းကအဲဒီလိုပြောပြီး ဘယ်တော့မှ မလာ တော့ ဘူး၊ဒါပေမယ့် ညီငယ်ရသေ့က မြင်နေကျနဂါးကိုမမြင်ရတော့ပိုပြီးပိန်ချုံလာတယ်၊ပိုပြီး အသွေးအသားတွေ ခေါင်းပါးလာပြီးရုပ်အဆင်း အင်္ဂါတွေပျက် လာတယ်၊ဒီတော့နောင်တော်ရသေ့ ကမေးတယ်၊“ဘာဖြစ်လို့ ပိုပြီးပိန်လာရတာလဲပေါ့၊အဲဒီတော့ ညီငယ် ရသေ့ကမြင်နေကျ နဂါးကို မမြင်ရလို့ ” လို့ပြန်ဖြေတယ်၊ ဒါကိုကြည့်ပြီး နောင်တော်ရသေ့ကညီငယ်ရသေ့ကို ဂါထာနဲ့ ပြောတယ်၊မှတ်သား စရာသိပ်ကောင်းတဲ့ဂါထာပဲ”
“ရွတ်ပြပါဦးကိုလေး၊အဲဒီဂါထာကို”
“န တံ ယာစေ ယဿ ပိယံဇိဂီသေ၊ ၀ိဒေေဿ ဟောတိ အတိယာစနာယ ၊ နာဂေါ မဏိ ံယာစိတော ဗြာဟ္မဏေန၊ အဒဿနေညေဝ တဒဇဂမာ။
မြန်မာပြန်က....အကြင်သူအားချစ် အပ်သောအကြင်ဝတ္ထုသည် ရှိ၏၊ထိုသူ၏ဝတ္ထုကိုမိမိသည်နှစ်သက်မြတ်နိုးသော်လည်း မတောင်း ရာ၊အလွန်တောင်းခြင်းကြောင့် မုန်းခြင်းသည်ဖြစ်၏၊ သူမြတ်သည် နဂါးအားပတ္တမြားကို တောင်း၏၊ ထိုနဂါးကို မမြင်ရခြင်းသို့သာလျှင်ရောက်စေ၏ တဲ့ ”
“ဒါဆိုတစ်ဖက်သားနှစ်သက်မြတ်နိုးတန်ဖိုး ထားတဲ့ ပစ္စည်းဝတ္ထုကိုမတောင်းရဘူးပေါ့ နော်ကိုလေး”
“ ဟုတ်တယ် ညီမလေး မတောင်းရဘူး ၊ တောင်းရင်မုန်းတတ်တယ်တဲ့ ”
“လူမှုဆက်ဆံရေးအတွက် မှတ်သားစရာပဲနော် ”
“ဟုတ်တယ် ညီမလေး ဒီနေရာမှာမြတ်စွာဘုရား ကကောက်ချက်ချပြထားသေးတယ် ”
“ ဘယ်လိုကောက်ချက်ချထားလဲ ကိုလေး ”တိရစ္ဆာန်ဖြစ်တဲ့သတ္တဝါတောင် တောင်းခြင်းကို မနှစ်သက်ဘူးတဲ့ ၊လူဆိုရင်တော့ ပြောစရာတောင် မလိုဘူးတဲ့”
“ဟုတ်တာပေါ့ ကိုလေးရ ”
“ နောက်တစ်ပုဒ်မြတ်စွာဘုရားဟောပြ ထားတာရှိသေးတယ် ”
“ပြောပါဦး ကိုလေး ”
ရဟန်တစ်ပါးဟာ ဟိမဝန္တာတောင်နံပါးရဲ့ ၊ တောအုပ် တစ်ခုမှာနေတယ် ၊အဲဒီတောအုပ်ရဲ့ အနီးမှာလဲ ညွန်အိုင်ရှိတယ် ၊ အဲဒီညွန်အိုင်ကို ဌက်အုပ်တစ်အုပ် ကတစ်နေ့ပတ်လုံး လာပြီးကျက်စားတယ် ၊ ညရောက်မှပြန်တယ် ၊ ပြီးတော့ဆူညံနေတယ်ပေါ့ ။ ဒီလိုဆူညံမှုဟာ တောအုပ်မှာနေတဲ့ ရဟန်းအတွက် အနှောက်အယှက်ဖြစ်တယ်။ ဒီတော့ရဟန်းကမိမိခံစား နေရတဲ့ အဖြစ်အပျက်ကို မြတ်စွာဘုရားအားသွားပြီးလျှောက်တယ် ၊ မြတ်စွာဘုရားက“ ရဟန်း သင်ဟာဌက်အုပ်ရဲ့မလာခြင်းကိုအလို ရှိသလား ” လို့မေးတယ် ၊ ရဟန်းကလည်းအလိုရှိပါ တယ်ပေါ့လေ ၊ ဒီတော့မြတ်စွာဘုရားက ဘာအကြံပေး သလဲဆိုတော့ ”-----
“ ပြောပါဦးမြတ်စွာဘုရားရဲ့ အကြံပေးချက်ကို ”
“ဌက်အုပ်နေတဲ့တောအုပ်ကိုသွားပြီးဌက်အပေါင်းတို့ငါဟာသင်တို့ရဲ့ ဌက်တောင်ကိုအလိုရှိတယ်၊ ဒါ့ကြောင့်ငါ့အား တစ်တောင် ဆီပေးကြကုန်လောလို့ ကြွေးကြော် ခိုင်းတယ် ၊ ရဟန်းကလည်း မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း ကြွေးကြော်တယ် ၊ ဒီတော့ဌက်တွေက “ ငါတို့ကိုတော့ရဟန်းက အတောင် တွေ တောင်းနေပြီဆိုပြီး တောအုပ်ကနေထွက်သွားတယ် ၊နောက်တောအုပ်ကို ပြန်မလာတော့ဘူးတဲ့ ”
“ဒါဆိုကိုယ့်အိမ်မကြာမကြာလာနေ တဲ့ဧည့်သည်ကိုမလာစေချင်ရင် သူတန်ဖိုးထားတဲ့ ပစ္စည်းတစ်ခုခုကို တောင်းလိုက်ရင် နောက်လာတော့မှာမဟုတ်ဘူးနော် ”
“ဟာညီမလေးကလဲ မြတ်စွာဘုရားဟောတဲ့တရားကို မကောင်းတဲ့နေရာမှာအသုံးချရတာမဟုတ်ဘူး ၊ ကောင်းတဲ့နေရာမှာ အသုံးချရတာ”
“အလကားပြောတာပါ ကိုလေးရာ၊ကိုလေးရဲ့ ညီမပဲ ဒီလိုစိတ်မရှိပါဘူး”
“နောက်မြတ်စွာဘုရားကတောင်းခြင်းနဲ့ ပတ်သက်လို့ရဋ္ဌပါလ နဲ့ သူ့ရဲ့အဖေတို့အပြန်အလှန် ပြောတဲ့စကားကို ဂါထာနဲ့ ထပ်ဟောပြထားသေးတယ် ၊ကိုလေး ဂါထာတော့ရွတ်မပြတော့ဘူး ၊ မြန်မာပြန် ပဲရွတ်ပြမယ်နော် ”
“ ဟုတ်ကဲ့ ကိုလေး ”
“ ချစ်သားရဋ္ဌပါလ ၊ စင်စစ်ထိုလူအများစုတို့ကိုငါသည်မသိပါ ၊ ထိုလူအများစုတို့သည်ငါ့ထံသို့စုရုံးလာ၍ တောင်းကြ ကုန်၏။ အဘယ့်ကြောင့်သင်ချစ်သားသည် ငါ့ဖခင်ကိုမတောင်း သနည်း” “ဖခင်တောင်းသောသူသည် မုန်းဖွယ်ရာဖြစ်၍ ၊ တောင်းသူကို မပေးသောသူသည် လည်းမုန်းဖွယ်ရာ ပင်ဖြစ်၏၊ ကျွနုပ်အား မုန်းခြင်း မဖြစ်စေလိုသောကြောင့် အကျွန်ုပ် သည်သင့်ဖခင်ကို မတောင်းပါ ”
“ကဲညီမလေး ၊ ရဋ္ဌပါလကိုကြည့် ၊ မုန်းမှာကြောက်လို့ဖခင်အရင်းကိုတောင်မတောင်း ဘူးတဲ့ ”
“ အတော်မှတ်သားစရာကောင်းတဲ့ အကြောင်းအရာပဲနော်”
“ ဟုတ်တယ်ညီမလေး ၊ ကဲ---ကိုလေး ပြောပြတာကို လက်တွေ့အသုံးချပေတော့ ”
“ ဟုတ်ကဲ့ကိုလေး ၊ ကျေးဇူးပဲ ”

စာရေးသူအမည်..ရဝေနွယ်(အင်းမ)

http://forverfriends.ning.com/profiles/blogs/2863689:BlogPost:583676

ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခြင်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်……
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊

ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။


ဂါထာအနက်အဓိပ္ပာယ်

ဓာရဏပရိတ်



ဓာရဏပရိတ် ပါဠိတော်


နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။


ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။
ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိ-သင်္ခါနုပေက္ခာ၊ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊
ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယ-ဘီတာနံ အဂ္ဂံ မဟာတေဇံ။
ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ဝါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂေယျ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယ ဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာ ယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဓာရဏပရိတ္တံ နိဋ္ဌိတံ။


ဓာရဏပရိတ် မြန်မာပြန်


မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ်ယောက်သောသူသည် ဘေးအန္တရာယ် မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို တစ်စုံတစ်ယောက်သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့အတွက်ရည်မှန်းထားသောပစ္စည်းလေးပါးကိုတစ်စုံတစ်ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက် သောသူသည် ဘေးအန္တရာယ် မပြုနိုင်။
ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။
ကျေးဇူးတရားသုံးပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အလုံးစုံသော ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့အစဉ်လိုက် သည်။ အလုံးစုံသော နှုတ်ဖြင့်ပြု အပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည် ဉာဏ်တော်၏နောက်သို့အစဉ်လိုက်သည်။ အလုံးစုံသော (မနော) စိတ်ဖြင့်ပြုအပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။
ကျေးဇူးတရားခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သတ္တဝါတို့၏ အကျိုးစီးပွားကိုပြု လိုသော ဆန္ဒသည်ဆုတ်ယုတ်ခြင်းမရှိ။ တရားတော်ကို ဟောပြောရာ၌ ဆုတ်ယုတ်ခြင်းမရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယသည် ဆုတ်ယုတ်ခြင်းမရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့် ရှုမှု ဝိပဿနာဉာဏ်သည် ဆုတ်ယုတ်ခြင်းမရှိ။ စိတ်တည် ကြည်ခြင်း သမာဓိသည် ဆုတ်ယုတ်ခြင်းမရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော်မူ ခြင်း၌ ဆုတ်ယုတ်ခြင်းမရှိ။
ကျေးဇူးတရား တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းမရှိ။ သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်းမရှိ။ ဉာဏ်တော်ဖြင့် မတွေ့မထိမသိအပ် သော တရားသည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် အဆောတလျင်ပြုမူခြင်း မရှိ။ သူတစ်ပါးအတွက် ကြောင့်ကြမဲ့သောစိတ်သည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်မရှိ။
ဤကျေးဇူးတရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ ရှိခိုးပါ၏။ ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမဏ, ကဿပ, ဂေါတမ, ခုနှစ်ဆူသော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။
ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည် ကိုယ်ဖြင့်ပြုအပ်သော ”ကာယဒုစရိုက်မှု”သည် မရှိ။ နှုတ်ဖြင့်ပြု အပ်သော ”ဝစီဒုစရိုက်မှု”သည် မရှိ။ စိတ်ဖြင့်ပြုအပ်သော ”မနောဒုစရိုက်မှု” သည် မရှိ။ လွန်လေပြီးသော ကာလ၌ မြတ်စွာဘုရားရှင်အား ဆီးတားပိတ်ပင် သောဉာဏ်သည်မရှိ။ နောင်လာလတ္တံ့သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မျက်မှောက်သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မြတ်စွာဘုရားအား အလုံးစုံကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့ သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံနှုတ်ဖြင့် ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံစိတ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။
ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် နှိုင်းယှဉ်ရာ တူမျှရာမရှိ၊ ခပ်သိမ်းသောသတ္တဝါတို့၏ မှီခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်း ရာလည်းဖြစ်၏။ သံသရာဘေးကို ကြောက်တတ်သောသူတို့အတွက် အလွန် မြတ်သော အရံအတားဖြစ်၏၊ ကြီးသောတန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတား ဖြစ်၏။
ချစ်သားအာနန္ဒာ ဤသို့တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏ ပရိတ်တော်ကို ရွတ်ဆောင်လော့၊ မှတ်သားလော့၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။
ထိုသို့ မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သူ၏ကိုယ်၌ မြွေစသည်တို့၏အဆိပ် သည် မကျရောက်ရာ၊ ရေ၌ မနစ်မွန်းရာ၊ မီးသည်မလောင်ကျွမ်းရာ၊ အထူးထူးသော ဘေးရန်တို့သည် မကျရောက်ရာ၊ တစ်စုံတစ်ယောက်သောသူ သည် တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် မကောင်းမကြံနိုင်ရာ၊ ရူးသွပ်ပျံ့ လွင့်သော စိတ်ဝေဒနာလည်း မဖြစ်နိုင်ရာ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ၊ ဘီလူးတို့သည်လည်း မညှဉ်းဆဲမဖျက်ဆီး မနှိပ်စက်နိုင်ရာ။
ထိုဓာရဏပရိတ်တော်သည် အဘယ်နည်းဟူမူ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အပေါင်း တို့ကို လောင်ကျွမ်းပယ်ဖြောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင် ၏။ ရောဂါဘေး, လက်နက်ဘေး, အစာငတ်မွတ်သည့် ဘေးဟုဆိုအပ်သော ကပ်သုံးပါးမှလည်း ကင်းလွတ် စေနိုင်၏။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း ဆွံ့, အ, နားပင်း, ရူးသွပ်ခြင်း အနာရောဂါ ဘေးမှလွတ် စေနိုင်၏။ သစ်ပင်, တောင်, ခြောက်ကမ်းပါးမှ ကျရောက်သော်လည်း ဘေး မဖြစ်နိုင်။ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာကိုလည်း ရစေနိုင်သည်။ ရရှိပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ် ပြန့်ပွားစေနိုင်သည်။ ဟုတ်မှန် သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ခုနှစ်ဆယ့်ခုနှစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းသောအ ကျိုးနှင့်ယှဉ်၏၊ မကောင်းသောအကျိုးနှင့်မယှဉ်။ ကောင်းသောတရားအရသာ အနံ့မျိုးကို ဆောင်၏၊ မကောင်းသောတရားအရသာ အနံ့မျိုးကို မဆောင်။ ကောင်းသောစိတ်နှလုံးကိုဆောင်၏၊ မကောင်းသော စိတ်နှလုံးကိုမဆောင်။ သူတော်ကောင်းတို့နှင့်ပေါင်းဖေါ် ယှဉ်တွဲ မှီဝဲရသည်မည်၏၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖေါ်မယှဉ်တွဲ မမှီဝဲရသည် မည်၏။ ကောင်းသောကိုယ် ကိုဖြစ်စေ၏၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ကောင်းသောကုသိုလ်အမှုကို ပြုဆောင်ရ၏၊ မကောင်းသောအကုသိုလ်အမှုကို မပြုမဆောင်ရ။ ကောင်းသော အိပ်မက်ကို မြင်မက်ရ၏၊ မကောင်းသော အိပ်မက်ကိုမမြင်မက်ရ။ ကောင်းသော အတိတ်နမိတ်ကို မြင်ရ၏၊ မကောင်းသော အတိတ်နမိတ်ကို မမြင်ရ။
သစ်ပင်တို့ကိုလည်း အကိုင်း, အခက်, အရွက်, အလက်တို့နှင့် ပြည့်စုံစေနိုင်၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေကုန် သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ မကောင်းသဖြင့် ကြံစည်သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ရောဂါအန္တရာယ် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့ မဖြစ်စေနိုင်။ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏။
ဤမှန်ကန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း ငါ့အားချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် မြန်မာပြန်ပြီး၏။

ဓမၼစၾကာ

ဓမ္မစကြာအမွှန်း
ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ၊
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော၊
စတုသစ္စံ ပကာသေန္တော၊လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိ သာဓကံ၊
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။

ဓမ္မစကြာနိဒါန်း
ဧဝံမေသုတံ၊ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟာရတိ ဣသိပတနေ မိဂဒါယေ၊ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ။


ပုဗ္ဗဏှသုတ်

၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယောစာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ၀ိနသ မေန္တု။
၂။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယောစာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ၀ိနာသ မေန္တု။
၃။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယောစာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃံနုဘာဝေန ၀ိနာသ မေန္တု။
၎။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေ၀ါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

ဗောဇ္ဈင်္ဂသုတ်

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။
၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကု တ္တမာ။ အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။
၃။ ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။ ၀ီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။
၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

အင်္ဂုလိမာလသုတ်

၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာန ဓောဝနံ။ ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
၂။ သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿ င်္ဂုလိမာလဿ၊ လောက နာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရော ပေတာ၊ တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

အာဋာနာဋိယသုတ်


၁။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။
၂။ ပရိသာနံ စတဿန္နံ၊ အဟိံ သာယစ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ၀ိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။
၎။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
၅။ ကောဏာဂမနဿ နမတ္ထု။ ဗြာဟ္မဏဿ ၀ုသီမတော။ ကဿပဿ စ နမတ္ထု၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။

ဓဇဂ္ဂသုတ်

၁။ ယဿာ နုဿရဏေနာပိ၊ အန္တ လိက္ခေပိ ပါဏိနော။ ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ၀ိယ သဗ္ဗထာ၊
၂။ သဗ္ဗုပဒ္ဒ၀ဇာလမှာ၊ ယက္ခစောရာဒိ-သမ္ဘ၀ါ။ ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဧ၀ံ မေ သုတံ- ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။
၎။ တတြ ခေါ ဘဂ၀ါ ဘိက္ခူ အာမန္တေသိ 'ဘိက္ခဝေါ'တိ၊ 'ဘဒန္တေ' တိ တေ ဘိက္ခု ဘဂ၀တော ပစ္စေဿာသုံ။ ဘဂ၀ါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေ၀ါ သုရသင်္ဂါမော၊ သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကောဒေ၀ါနမိန္ဒောဒေဝေတာဝတိံ သေ အာမန္တေသိ၊ "သစေမာရိသာ ဒေ၀ါနံ၊ သင်္ဂါမ ဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ လောမဟံသောဝါ၊ မမေ၀ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။

ဝဋ္ဋသုတ်

၁။ ပုရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။ ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။
၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ အတ္ထိလောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။ တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
၎။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ သစ္စဗလ မ၀ဿာယ၊ သစ္စကိရိယ မကာသ ဟံ။
၅။ သန္တိ ပက္ခာ အပတန၊ သန္တိ ပါဒါ အ၀ဉ္စနာ။ မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ ၀ဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယာထာ သိခီ။ သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။

မောရသုတ်

၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ၀နေစရာ။
၂။ စိရဿံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။ "ဗြဟ္မမန္တ န္တိ" အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ယရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ။
၎။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တာယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသ မကပ္ပယိ။
မောရသုတ္တံ နိဋ္ဌိတံ။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ပါးစီ၏ အဓိပ္ပာယ်

အင်္ဂါ (၁၂)ပါး
၁။ အဝိဇ္ဇာ

မသိခြင်း မောဟသည် အဝိဇ္ဇာဖြစ်သည်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာ လေးပါး၊ ဘဝခန္ဓာ၏ ရှေးအဖို့အစု၊ ဘဝခန္ဓာ၏ နောက်အဖို့အစု၊ ရှေးအဖို့အစုနှင့်နောက်အဖို့အစု နှစ်ခုလုံး၊ အဆက်မပြတ် လည်ပတ်နေသည့် ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်ဟူသော (၈)ဌာနတို့၌ မသိမမြင် ခြင်း မောဟသည် အဝိဇ္ဇာဖြစ်သည်။
မျက်စိတွင် တိမ်သလာဖုံးလွှမ်းနေသူသည် မြင်သင့်မြင်ထိုက်သော အရာဌာနတို့ကို မမြင်ရဘိသကဲ့သို့ အဝိဇ္ဇာဖုံးလွှမ်းနေသောကြောင့် ဘုံသုံးပါး၌ ရှိရှိသမျှ ရုပ်နာမ်တွေသည် ဆင်းရဲခြင်း ဒုက္ခချည်းသာ ဖြစ်သည်ဟူသော အမှန်တရား ဒုက္ခသစ္စာကို မသိမမြင်ပေ။ တဏှာလောဘသည် ဆင်းရဲခြင်းအမှန်ဖြစ်ကြောင်းတရားဟု အမှန်အတိုင်း မသိမမြင်ပေ။ နိဗ္ဗာန်သည် ဆင်းရဲအားလုံး ချုပ်ငြိမ်း ကုန်ပျောက်ရာ အမှန်တရား (နိရောဓသစ္စာ)ဖြစ်သည်ဟု အမှန်အတိုင်း မသိမမြင်ပေ။ မဂ္ဂင် (၈) ပါး အကျင့်တရား လမ်းစဉ်သည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန် (မဂ္ဂသစ္စာ) ဖြစ်သည်ဟု အမှန် အတိုင်း မသိမမြင်ပေ။




ပဋိစ္စသမုပ္ပါဒ် တရားတော်

ပဋိစ္စသမုပ္ပါဒ်=ပဋိစ္စ+သံ+ဥပ္ပါဒ
ပဋိစ္စ=စွဲမှီ၍၊ အကြောင်းပြု၍
သံ=ညီညီမျှမျှ အတူတကွ
ဥပ္ပါဒ= ဖြစ်ခြင်း
ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲမှီ၍ အကျိုးအဆင့်ဆင့်တို့ ညီညီမျှမျှ တပြိုင်တည်း အတူတကွဖြစ်သော နည်းလမ်းကို ပဋိစ္စသမုပ္ပါဒ် ဟုခေါ်ခြင်းဖြစ်ပါသည်။ ဘဝခန္ဓာရုပ်နာမ်တွေ အဆက်မပြတ် ဖြစ်ပေါ်နေမှုပင်။

အနုလောမ ပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသပါဠိတော်

ခန္ဓသုတ်

၁။ သဗ္ဗာ သီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။ ယံ နာသေတိ ၀ိသံ ဃောရံ သေသဉ္စာပိ ပရိဿယံ။
၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမဟေ။
၃။ ၀ိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေ ဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာ ဂေါတမကေဟိ စ။
၎။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံဒွိပါ ဒကေဟိ မေ။ စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေ ဟိ မေ။
၅။ မာမံအပါဒကော ဟိံသိ၊ မာ မံ ဟိံသိဒွိပါဒကော။ မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။

မေတ္တာသုတ်

၁။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ၊ ယဥှိ စေ၀ါနုရုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧ၀မာဒိဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမဟေ။
၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။

ရတနသုတ်

၁။ ပဏိဓာနတော ပဋ္ဌာယ တထာ ဂတဿ ဒသ ပါရမိယော၊ ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တ ပါရမိယောတိ၊ သမတ္တိံသ ပါရမိယော၊ ပဉ္စ မဟာပရိစ္စာဂေ၊ လောကတ္ထ စရိယံ ဉာတတ္ထ စရိယံ၊ ဗုဒ္ဓတ္ထ စရိယန္တိ တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ ဇာတိံ အဘိ နိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ ဓမ္မစက္ကပ္ပဝတ္တနံ၊ နဝ လောကုတ္တရဓမ္မေတိ၊ သဗ္ဗပိ မေ ဗုဒ္ဓဂုဏေ၊ အာဝဇ္ဇေတွာ ဝေသာ လိယာ တီသု ပါကာရန္တ ရေသု၊ တိယာမရတ္တိံ ပရိတ္တံ  ကရောန္တော၊ အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ- 
၂။ ကောဋီသတသဟေဿသု စက္က၀ါဠေသု ဒေဝတာ။ ယဿာ ဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
၃။ ရောဂါ မနုဿဒု ဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။ ခိပ္ပ မန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ၊
၎။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါယာနိ ဝ အန္တလိက္ခေ။ သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၅။တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊ ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

မင်္ဂလသုတ်

၁။ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံ သု သဒေ၀ကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စမင်္ဂလံ။
၂။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ၊ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
၃။ ဧ၀ံ မေ သုတံ- ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တာ အဘိက္ကန္တယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ၊ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဋ္ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
၎။ဗဟူဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဂုဏ်တော်များ (ဘဂ၀ါ)

1.ဘုန်းကံကြီးမားတော်မူသော မြတ်စွာဘုရား
2.ကိုယ်တော်ကို အဏုမြူမှုန့်မျှ အလွန်ငယ်အောင် ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
3.ကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော “လဃိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
4.ကိုယ်တော်ကို ပကတိ အနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
5.ကြွတော်မူလိုရာ အရပ်သို့ ဆီးတားကွယ်ကာခြင်း မရှိ တစ်ခဏချင်း ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

အဇာတသတ်လေးများ မွေးထုတ်ပေးနေပါတယ်

သုံးလောကထွတ်ထားမြတ်စွာဘုရားရှင် သည် သုမေဓာရှင်ရသေ့ဘဝက လိုချင်လျှင် ပကတိသာဝက အဖြစ်နှင့် ကျွတ်တမ်းဝင်နိုင်ပါရဲ့ သားနှင့် သတ္တဝါတို့အပေါ်မဟာဂရုဏာတော် ကြီးထား၍ လေးသချေင်္နဲ့ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ရမည့် လမ်းကိုရွေးခဲ့ပါသည်။ ပါရမီဖြည့် စဉ်ဘဝတွေမှာလည်း အသွေးအသား၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများသာမက ရင်မှဖြစ်သော သား၊သမီး တို့ကိုပင် ပေးလှူခဲ့တဲ့အထိ ပါရမီ တော်များကိုဖြည့်ခဲ့ပါတယ်။ ဒါကြောင့် ဤဗုဒ္ဓသာသနာတော်ကို "သွေးနဲ့ရေးတဲ့သာသနာ" ဆိုပြီး ဖြူး ဆရာတော် ကပူဇော်ခဲ့ပါတယ်။

ဤသာသနာကြီးနှင့်အတူ ဓမ္မရတနာတော်သည်လည်း အဖိုးအနဂ္ဂထိုက်တန်သလို၊ အမြဲတမ်းတိကျ မှန်ကန်ပြီး၊  အပိုအလိုမရှိပြည့်စုံနေပါသည်။ လောကမှာမြတ်စွာဘုရားထက်အမှန်ကိုသိတဲ့သူ၊ နိဗ္ဗာန်ကို ရောက်မဲ့လမ်း ကို ညွှန်ပြပေးနိုင်တဲ့သူရှိသေးလို့လား?။ ရှိတယ်လို့ပြောနေသူဟာ ညာတာပဲ။ တနည်းအားဖြင့် ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ ကံတော်အနန္တ နှင့်ပြည့်စုံသူမြတ်စွာဘုရားရှင် ကိုခြေရာတိုင်းနေကြတာပါဘဲ။ ဒေဝဒတ်ရဲ့လမ်းစဉ်လိုက်နေကြတာပေါ့။ သာသနာတော်အား အရိပ်နေနေ၊ အခက်ချိုးချိုး ဖျက်နေသူတွေရှိနေပါပြီ။

ထိုကဲ့သို့သောအဓမ္မဝါဒီ သမားများဟာ ကိုယ်တိုင်ကျူးလွန်လို့အားမရသေးဘဲ၊ အဇာတသတ်ကဲ့သို့သောနောက်လိုက်တပည့်များအား အဖော်ခေါ်နေကြတာက အလွန်ဆိုးပါသည်။ ထိုကဲ့သို့ဆရာအတင်မှားသောကြောင့် ယခုဘဝမှာတင်၊ မြတ်စွာဘုရားရှင်၏တရားကိုနာပြီးလျင် အရိယာ ဖြစ်သင့်ရဲ့သားနှင့် ပဥ္စာနန္တိယကံကြောင့် ငရဲသို့ရောက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါသည်။ အခုခတ် အဓမ္မဝါဒီ သမားများ နှင့် နောက်လိုက်များ တွေးကြည့်ကြပါဦး။ သင်တို့ရဲ့ဆရာပြောတိုင်း မယုံကြပါနဲ့ဦး။ ကာလာမသုတ်တော်ကိုနာကြည့်ကြပါဦး။

အဇာတသတ် မင်းသားဟာရှေးပါရမီအတော်ရင့်ခဲ့ပြီးဖြစ်ပါသည်။ ဖြစ်ရခဲတဲ့လူဘဝ ရခဲ့တဲ့အပြင် ဖြစ်ရခဲတဲ့ ပြည့်ရှင်မင်းရဲ့သား၊ ဖြစ်ရခဲ့တဲ့ နန်းညွန့်နန်းလျှာဖြစ်ခဲ့ရသူပါ။ ဒါ့အပြင် ဖြစ်ရခဲတဲ့မြတ်စွာဘုရားရဲ့သာသနာ မှာလူလာဖြစ်ရတဲ့အပြင်သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးတွေ့ခဲ့ရတာနည်းတဲ့ပါရမီလာဟင်?။ အခု ခတ် အဓမ္မဝါဒီ သမားများ ၏နောက်လိုက်များ တွေးကြည့်ကြပါဦး၊ သင်တို့ရဲ့ပါရမီ ကအဇာတသတ် လောက်ရှိ လို့လား။ ထိုသို့ပါရမီ ရှိပြီးသားလူတောင် ဆရာအတင်မှားလို့ သံသရာရှည်ခဲ့ရပြီနော်။

ဤပိုစ့် ကိုရေးရခြင်း၏အကြောင်းအရင်းကတော့

ကျွန်မဟာမြန်မာပြည်မှာနေတုံးက ဒီအဓမ္မဝါဒီတွေရဲ့အကြောင်း လုံးဝကိုမသိခဲ့ပါဘူး။ မိသားစု အသိုင်းအဝန်းထဲမှာလည်း ဒီလိုလူတွေကိုကိုးကွယ်တဲ့သူမရှိတော့ မသိပါဘူး။ ကျွန်မတို့တိုင်းတပါးကိုရောက်လာချိန်ကျမှ ဤတိုင်းပြည်က ယဉ်ကျေးမှုနှင့် ဘာသာရေးကို စတင်လေ့လာခဲ့ပါသည်။ ကျွန်မတို့မှာ လေးနှစ်အရွယ်သားလေးတစ်ဦးရှိပါတယ်၊ ကျွန်မတို့လင်မယား စတင်ပြီးစိတ်ပူလာတာက သားလေး ဘာသာမဲ့ဖြစ်သွားခဲ့ရင်၊ ဘာသာခြားဖြစ်သွားခဲ့ရင် ဆိုတဲ့အတွေးပါဘဲ။ ကျွန်မတို့လင်မယား စတင်ပြီးပြင်ဆင်နေပါပြီ။ သားလေးအား ဘုရားရှိခိုးသင်တာတမျိုး၊ ဓမ္မပဒ ကို အိပ်ရာဝင် ပုံပြင်များအဖြစ်တဖုံ၊ ကံ ကံ၏ အကျိုးကိုယုံကြည်လာအောင် သင်ပေးခြင်းတို့ဖြင့် အမျိုးမျိုး ကြိုးစားနေကြပါတယ်။

အဓမ္မဝါဒီ သမားများအကြောင်းကြားရတဲ့အခါကျွန်မတို့ရဲ့စိတ်ပူပန်မှု ကပိုလာပါတယ်။ အဓမ္မဝါဒီ သမား(မိုးပြာ၊ လူသေလူဖြစ် ဦးဥက္ကဋ္ဌရဲ့တပည့်များ၊ ဆူနာမီ၊ စသည်ဖြင့်) တို့ရဲ့ဝါဒတွေပိုပြီးပြန့်ပွါး လာခဲ့ရင်ဆိုတဲ့ စိုးရိမ်မှုပေါ့။ ထိုသူများ သည်ဘာလို့အဖော်ခေါ်ချင်ကြပါသလဲ?။ ထိုသူတို့ရဲ့ ဝါဒပြန့်ပွါးလာရင် မိရိုး ဖလာဗုဒ္ဓဘာသာဝင် လူငယ်လေးတွေအတွက် ရင်လေးမိပါတယ်။ ကျွန်မတို့သားလေးအပေါ် စိုးရိမ်မှုကနေ အနာဂတ် သာသနာအတွက် ပါပူပန်မိလာပါတယ်။ ဒါကြောင့် ဤပိုစ့် ကိုရေးရခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့သာသနာတော်ကို သန့်ရှင်းအောင်၊ ပြန့်ပွါးအောင် စိတ်ရော၊ ကိုယ်ပါကျိုးပမ်း နေကြသော ဆရာတော်များ ကို ဤပိုစ့်နှင့်အတူ ကန်တော့လိုက်ပါတယ်။

Mrs Marga

ဂုဏ်တော်များ (ဗုဒ္ဓ)

1.ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်းသိစေတော်မူနိုင်သော မြတ်စွာဘုရား
2.သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူသလို သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား
3.သစ္စာလေးပါး တရားတော်များဖြင့် ဟောပြောဆုံးမပေးသော မြတ်စွာဘုရား
4.သတ္တ၀ါအပေါင်းတို့အား အကျင့်ကောင်းအကျင့်မြတ်များကို သိကြဖို့ရာ ညွှန်ပြဆုံးမပေးနိုင်သော မြတ်စွာဘုရား
5.မဂ္ဂင်လမ်းကြောင်းမှန်ကို ညွှန်ပြ ပေးတော်မူနိုင်သော မြတ်စွာဘုရား

အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း

အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတယောက် ရှိသည်။ သူသည် အမိအဖတို့ကို လွန်စွာချစ် မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ပြုစုစောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍အမည်တွင်လေသည်။

တနေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာထားနိုင်ရန် အခကြေးငွေရလို၍ သင်္ဘောဖြင့်စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)သို့ ဆိုက်ကပ်သည်။ ထိုအချိန်မှာသီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခရောက်နေကြသည်။လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။

သီဟိုဠ် (သီရိလင်္ကာ) မင်းလည်း သဲမိုးရွာသောကပ်မှ လွတ်မြောက်ရန် မည်သို့ပြုရမည်ကို သမားဖြူ၊ သမားညိုတို့ကိုခေါ်၍ မေးမြန်းသည်။ သမားဖြူ သမားညိုတို့က -အရှင်မင်းကြီးဤသဲမိုးရွာသောကပ်သည် အလွန်ထူးခြားသော သစ္စာကို ပြုလျှင်ပျောက်ပါလိမ့်မည်-ဟူ၍ လျှောက်တင်ကြသည်။

အဘယ်သစ္စာကို အဘယ်သူအား ပြုစေရမည်နည်း-ဟူ၍ မင်းက မေးမြန်း၏။အရှင်မင်းကြီး၊ အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ လုပ်ကျွေးသောသူကို သစ္စာပြုစေရပါမည်-ဟူ၍ သမားဖြူ၊ သမားညိုတို့ကို လျှောက်၏။

မင်းကလည်း-အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူကို များစွာဆုလာဘ်ပေးမည်။ မောင်းခတ်၍ ရှာလေ-ဟူ၍ အမိန့်တော်ရှိ၏။မှူးမတ်တို့လည်း မောင်းကြေးနင်းခတ်၍ ရှာကြသည်။ တပြည်လုံးတွင် တယောက်မျှ မရှိ။ အခက်တွေ့နေကြသည်။

ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်သည် သင်္ဘောထက်ကနေ၍ အို-အချင်းတို့၊ ငါသည် အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူတည်း-ဟုလှမ်းအော်ပြောသည်။မှူးမတ်တို့လည်း မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက-ထိုသူကိုခေါ်၍သစ္စာဆိုစေလော့-ဟူ၍ မိန့်တော်မူလိုက်သည်။

မှူးမတ်တို့သည် လုလင်ထံသွား၍ သူတို့၏ဒုက္ခကို ပြောပြကြသည်။ ထိုဒုက္ခမှ လွတ်မြောက်အောင်သစ္စာဆိုပါရန်လည်း ပန်ကြားကြသည်။ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်လည်း သင်္ဘောဦးသို့တက်ပြီးလျှင် -ငါသည်လူလားမြောက်ကာ သိမြင်လိမ္မာသည်မှစ၍ အမိအဖနှစ်ပါးတို့၏ ကျေးဇူးကိုအောက်မေ့ဆင်ခြင်ခဲ့သည်။ ကြည်ညိုမြတ်နိုးမဆုံး ရှိခဲ့သည်။ ထို့ကြောင့်
အမိအဖနှစ်ပါးတို့ကို မငတ်မမွတ်၊ မနွမ်းနယ်စေရန် အိမ်ဦးနတ်ကဲ့သို့၄င်း၊သိကြားမင်း၊ ဗြဟ္မာမင်းကဲ့သို့၄င်း၊ အမှတ်ထား၍ ရိုသေစွာ လုပ်ကျွေးမွေးမြူသူမှန်ပါသည်။ ဤသစ္စာအတိုင်း မှန်ပါက ဤသဲမိုးသည် ချက်ချင်းရပ်ပါစေသတည်း။ဤသဲမိုး ရပ်သဖြင့် ပြည်သူပြည်သား၊ မင်း၊ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊
ကုန်သည်၊ လယ်လုပ်မှစ၍ သတ္တဝါအားလုံး ချမ်းသာကြပါစေသတည်း-ဟူ၍ သစ္စာပြုသည်။

ထိုသို့ သစ္စာပြုသော ခဏမှာပင် သဲမိုးသည် ရပ်လေ၏။ အားလုံး ချမ်းသာရာ ရကြလေသည်။ထိုအခါ မင်းနှင့်တကွ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ ပြည်သူပြည်သားတို့သည် လုလင်အား များပြားလှစွာသော ပစ္စည်းဥစ္စာတို့ဖြင့်ပူဇော်ကြသည်။ လုလင်သည် ထိုပစ္စည်းတို့ကို သင်္ဘောငါးစင်းဖြင့်တင်၍အိမ်သို့ပြန်ခဲ့သည်။ ရောက်သော် အမိအဖတို့အား အကျိုးအကြောင်းပြောပြကာ
ရရှိသောပစ္စည်းများဖြင့် ပူဇော်လေသည်။ သူတို့ ၃-ဦးသည် ဒါနကောင်းမှုစသည်များကို ပြု၍ ချမ်းမြေ့စွာ နေထိုင်သွားကြသည်။ စုတေသောအခါ နတ်ပြည်သို့လားကြလေသတည်း။
အကိုး။ ။ မင်္ဂလာသာရ ဒီပနီကျမ်းမူဟောင်း (၁၉၂၀-ပြည့်နှစ်)

( မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၂-ခု ဇွန်လ)

http://forverfriends.ning.com/profiles/blogs/2863689:BlogPost:511607
ယောက္ခမကြီး၏ (၅၇) နှစ်မြောက်မွေးနေ့အတွက်

Good Questions & Good Answers

ဗုဒ္ဓအမေးအဖြေ

နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ

ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ... စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသား သူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးVen. Shravasti Dhammika ပါ။ ချမ်းမြေ့ ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ. စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖေါ်ပြဖူးပါတယ်။
 

စိတ်ညစ်ရင် ရေချိုးပါ (ပါနီယဇာတ်)

တခါတုန်းကသားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့သားအဖနှစ်ယောက် ရီးတစ်ခုထွက်ဖို့ပြင်ကြ ပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့အုပ်တစ်ခုကိုဖြတ်သန်းသွားရမှာပါ။ အဲဒီတောအုပ် ထဲမှာ ဓားပြသူခိုး တွေကလည်းရှိနေပါတယ်။ဓားပြသူခိုးတွေရဲ့လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖ နှစ်ယောက် လာရင်သား ကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့်လာရင် လည်းဆရာကို ဖမ်းပြီးတပည့်ကိုအိမ်ငွေပြန်ယူစေပါတယ်။ဒီလုပ်ထုံးအစဉ်အလာကို သိ ထား တော့ သားအဖနှစ်ယောက် ကခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သားဓားပြသူခိုးတွေ နဲ့တွေ့တဲ့အခါ မင်းနဲ့ ငါသားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ပြော” လို့ မှာပါတယ်။ဒီလိုနဲ့တောထဲ ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။တွေ့တော့သားအဖနှစ်ယောက်ကိုဖမ်းပြီး “သင်တို့ဘာ တော်သလဲ” လို့ မေးတော့ သားလုပ်တဲ့ သူက “ဘာမှ မတော်ဘူးလို့”ပြန်ဖြေလိုက် ပါတယ်။
ဒီတော့ သားအဖနှစ်ယောက်တောအုပ်ကထွက်ခွင့်ရပြီးရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။နားရမယ့်နေရာ မှာနားပြီး ညချမ်းရောက်တော့ရေချိုးပါတယ်။ရေချိုးပြီး တော့စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူ ကမိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကိုပြန် သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး“ဒီအကုသိုလ် ဟာငါ့ကိုအပါယ်ချတော့မှာပဲ” ဆိုပြီးရပ် လျက် ၀ိပဿနာ ပွားလိုက်တာပစ္စေကဗုဒ္ဓါအရှင်မြတ် ဖြစ်သွား ပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး  နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။

ဂုဏ်တော်များ (သတ္တာဒေ၀မနုဿာနံ)

1.လူ နတ် ဗြဟ္မာ တို့၏ ရှေ့ဆောင်ဦးစီး ဖြစ်တော်မူသော မြတ်စွာဘုရား
2.သတ္တ၀ါအများကို ကြမ်းတမ်းသော သံသရာခရီးမှ ကယ်တင်ရာ၌ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား
3.သတ္တ၀ါအများကို ဇာတိ ဇရာ မရဏ ဟူသော ဘေးကြီးတို့မှ ကယ်တင်တော်မူသော မြတ်စွာဘုရား
4.သတ္တ၀ါအများကို ပင်ပန်းဆင်းရဲ ဘေးဒုက္ခအမျိုးမျိုးတို့မှ ကယ်တင်တော်မူသော မြတ်စွာဘုရား
5.သတ္တ၀ါအများကို အေးမြချမ်းသာသော နိဗ္ဗာန်ပြည် သို့ ပို့ဆောင်ပေးတော်မူသော မြတ်စွာဘုရား

http://sankooo.iblogger.org/%e1%80%9e%e1%80%90%e1%81%b1%e1%80%ac%e1%80%b1%e1%80%92%e1%81%80%e1%80%99%e1%82%8f%e1%80%af%e1%82%86%e1%80%ac%e1%80%94%e1%80%b6-%e1%80%82%e1%80%af%e1%80%8f%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9/

ဂုဏ်တော်များ (အနုတ္တရောပုရိသဓမ္မသာရထိ)

1.ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင်ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသော မြတ်စွာဘုရား
2.သတ္တ၀ါတို့ကို သင့်တော်သောတရားဖြင့် ယဉ်ကျေးအောင် ဆုံးမ နိုင်သော မြတ်စွာဘုရား
3.သီလဂုဏ် နှင့် ဈာန်မဂ်ဖိုလ်ဂုဏ်များကို စုံလင်အောင် သင်ပေးပြီး စောင့်ရှောက်တော်မူသော မြတ်စွာဘုရား

http://sankooo.iblogger.org/%e1%80%a1%e1%82%8f%e1%80%af%e1%80%90%e1%81%b1%e1%80%b1%e1%80%9b%e1%80%ac%e1%80%95%e1%80%af%e1%80%9b%e1%80%ad%e1%80%9e%e1%80%92%e1%80%99%e1%81%bc%e1%80%9e%e1%80%ac%e1%80%9b%e1%80%91%e1%80%ad-%e1%80%82/

ဂုဏ်တော်များ (လောက၀ိဒူ)

1.လောက အားလုံးသိမြင်တော်မူသော မြတ်စွာဘုရား
2.သတ္တ၀ါတို့၏ စရိုက်၊ အနုသယ၊ ဣနြေ္ဒ အခြေအနေအားလုံးကို ကွဲကွဲပြာပြား သိမြင်တော်မူသော မြတ်စွာဘုရား
3.သတ္တ၀ါတို့၏ ပင်ကိုစရိုက် အနုသယနှင့် ဣနြေ္ဒ အနုအရင့်ကို နှိုင်းချင့်တော်မူနိုင်သော မြတ်စွာဘုရား
4.စကြာဝဠာ လောကဓာတ်ကြီးများ အကြောင်းကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
5.ရုပ်နာမ်တရား တို့ ဖြစ်ခြင်း၏ အကြောင်းနှင့်တကွ လက္ခဏ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား

သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်း




တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ့ ပတ်သတ်တဲ့ ဆောင်းပါးကောင်းလေး ကိုမျှဝေပေး လိုက်ပါတယ် ..
ဗုဒ္ဓဘာသာဝင်တို့ ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း အကြောင်း သိမှတ်ဖွယ်ရာ ထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်း ဘဲဆောက်တည် လို့ ရပါတယ်။ ဘုရားရှင် လက်ထက် သရဏဂုံ ဆောက်တည်ကြ တာလဲတောင်းခံ ပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေ ကို နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါယနေ့ ကစ ပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက် တည် လိုက်တာပဲဖြစ်ပါတယ်။