ဂတိချိုချိုဂတိခါးခါး

တစ်ခါတုန်းကအနိဝတ္တဗြဟ္မဒတ်မင်းဆိုတာရှိခဲ့ဖူးပါတယ်။အနိဝတ္တမင်းဆိုတာမြန်မာလိုပြန်ရင်တော့နောက် မဆုတ်တဲ့မင်းလို့အဓိပ္ပါယ်ရပါတယ်။အဲဒီမင်းကဘာကိုပဲလုပ်လုပ်နောက်ဆုတ်လေ့မရှိပါဘူးတဲ့။တစ်နေ့တော့ အနိဝတ္တ မင်းကဥယျာဉ်တော်ကိုထွက်ခဲ့ပါတယ်။အဲဒီအချိန်မှာတောမီးထလောင်ပါတယ်။မီးကအစို အခြောက် မရွေးသစ်ပင်မြက်ပင်တွေကိုအကုန်လောင်တော့တာပါ။နောက်ကိုမဆုတ်ဘဲ တိုးတိုးပြီးတော့ လောင်သွားတာပါ။အနိဝတ္တမင်းကလောင်နေတဲ မီးကိုဥပမာ ပြုပြီးအာရုံ နမိတ်ယူပါတယ်။
“မီးတစ်ဆယ့်တစ်ပါးဟာသတ္တ၀ါတွေကြီးစွာဆင်းရဲစေလျက်နောက်ကိုမဆုတ်ဘဲဆက်ဆက်လောင်သွား တယ်။ငါလည်းဒီဆင်းရဲတွေငြိမ်းဘို့ဒီမီးလောင်သလိုမဂ်တည်းဟူသောမီးနဲ့ ကိလေသာတွေကိုလောင်ပြီး ဘယ်လိုသွားရပါ့မလဲ”လို့အတွေးနိမိတ်ယူပါတယ်။နောက်ရှေ့ဆက်သွားတော့မြစ်ထဲကငါးတွေကိုဖမ်းနေ တဲ့တံငါးသည်တွေကိုတွေ့ရပြန်ပါတယ်။ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ငါးတစ်ကောင်ကပိုက်ကွန်ကို ဖြတ်ပြီးထွက်ပြေးသွားပါတယ်။ဒီတော့တံငါသည်တွေက “ငါးကပိုက်ကွန်ကို ဖြတ်ပြေး သွားပြီ”လို့အော် ပါတယ် ။
အနိဝတ္တမင်းက ဒီအသံကြားတော့ရှေ့က အတိုင်းအာရုံနိမိတ်ယူမိပြန်ပါတယ် ။“ ငါလည်းမဂ်ဥာဏ်နဲ့ တဏှာ ဒိဌိ တည်းဟူသော ပိုက်ကွန်ကိုဘယ်အ ချိန်လောက် ဖြစ်နိုင်ပါ့မလဲ”တွေးပါတယ်။နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့် ပြီး ၀ိပဿနာတရားတွေအားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါဖြစ်သွားပါတော့တယ်။ (အပါဒါန်အဌကထာ ၊ စာမျက်နှာ ၂၁၀၊သုတ္တနိပါတ်အဌကထာ ပ-တွဲ စာမျက်နှာ ၁၀၂ ) အနိဝတ္တမင်းကတော့လောင်နေတဲ့မီး ပိုက်ကွန်ကလွတ်သွားတဲ့ငါးကိုကြည့်ပြီး သံဝေဂ ဖြစ်ပါတယ်။အဲဒီသံဝေဂကိုပဲ အခြေခံပြီးတရားအားထုတ်လိုက်တာ တရားထူးတရားမြတ်ရသွားခဲ့ပါတယ်။ကိုယ့်ဝန်းကျင်မှာသံဝေဂဖြစ်စရာသက်ရှိသက်မဲ့တွေအများကြီးရယ်ပါ။ဒါတွေကိုကြည့်ပြီးသံဝေဂ ဖြစ်ကြတဲ့သူတွေရှိကြသလိုမဖြစ်ကြတဲ့သူတွေလည်းအများကြီးပါပဲ။ပါရမီရှင်တွေကတော့မမြဲတဲ့သဘောတရားတွေကို သိပြီးနောက်ဆုံးတော့မင်းစည်းစိမ်ကိုစွန့် တရားအားထုတ်တော့တာပါပဲ။ တကယ်လို့ပါရမီမပြည့်သေးလို့တရားထူးမရသေးရင်တောင် နောက်ဘ၀တွေမှာလဲဆက်စွန့်ပြီးဆက်အားထုတ်နေဦးမှာပါ။စွန့်ရဲတဲ့အထုံပါသွားရင်နောက်ဘ၀တွေမှာလည်း စွန့်ဖို့ဝန်မလေးတော့ပါဘူး။မစွန့်ရဲသေးတဲ့စာရေးသူတို့သာသံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲသူတွေကစွန့်ပြီးမစွန့်ရဲသူတွေကတော့စားနေကြတုံးပါ။စာရေးသူရဲ့ဇာတိအင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါတစ်နှစ်ကိုနှစ်ခေါက်လောက်တော့ ပြည်ကိုရောက်ဖြစ်ပါတယ်။ပြည်ရောက်ရင်အမြဲရောက်ဖြစ်တဲ့နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ်သရေခေတ္တနန်းတော် ဟောင်းနေရာရယ်ပါ။ ရွှေဘုံသာမုနိမှာ ကုသိုလ်ကောင်းမှုမမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်းဝေပြီး နန်းတော်ဟောင်းနေရာကို သွားလေ့ရှိပါတယ်။
နန်းဦးစေတီရင်ပြင်ကနေ နန်းတော်ဟောင်းကို ကြည့်ရတာဟာ အရသာတစ်ခုလိုဖြစ်နေလို့ပါ။ နောက်နန်းတော်ဟောင်းကိုကားနဲ့ တစ်ပတ်ပတ်ပြီးကြည့်လိုက်ပါသေးတယ်။ကြည့်ရတိုင်းလည်း ဘယ်အခါမှရိုးမသွားခဲ့ပါဘူး။ကြည့်လို့ကောင်းနေခဲ့တာပါပဲ။တစ်ကယ်ဆိုနန်းတော်ဟောင်းကိုကြည့်ပြီး သံဝေဂ ပွားရမှာပါ။ သံဝေဂမပွားဘဲ အနုပညာ တစ်ခုလိုခံစားနေရတော့ တရားနဲ့ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ သရေခတ္တရာမှာ မင်းဆက် (၂၅)ဆက်သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်ဘာမှ မမြဲတဲ့သဘောတရားအရပျက်စီးခြင်းသာအဆုံးရှိတဲ့သဘောတရားအရဒီနေ့ဒီအချိန်မှာ သံလျက်ကိုင်အုပ်ချုပ်ခဲ့တဲ့မင်းတွေတစ်ပါးမှ မရှိတော့သလိုသူတို့ကိုင်ခဲ့တဲ့သံလျက်တွေလည်းတစ်လက်မှမရှိတော့ပါဘူး ဘယ်ဘ၀ဘယ်ဒေသမှာရောက်နေမှန်းလဲမသိတော့ပါဘူး။သံလျက်ကိုင်ခွင့်ရတယ်ဆိုတာအတိတ်ဘ၀တွေက ကုသိုလ် ပါရမီ ကြီးခဲ့လို့ပါ ။
ဒီတော့ခပ်ညံ့ညံ့ မဟုတ်ဘဲကုသိုလ်ပါရမီပါခဲ့သူဆိုတာတွေးလို့ရပါတယ်။ဒါ့ကြောင့်ပါလာတဲ့ကုသိုလ် ပါရမီကိုအရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီးဖြည့်သွားလေသလား၊ပါခဲ့တဲ့ကုသိုလ်ပါရမီတွေကိုပဲထိုင်ပြီးစားသွားကြ လေသလားမပြောတတ်ပါဘူး။တစ်ချို့လည်း ဂတိချိုချိုကိုရောက်နေကြမှာပါ။တစ်ချို့ကြတော့ဂတိခါးခါးကိုရောက်ချင်ရောက်နေကြမှာပါ။
မျိုးဆက် အဆင့်ဆင့်ခြားသွားပြီဆိုတော့ဂတိခါးခါးရောက်နေသူတွေအတွက်ရည်မှန်းပြီးကုသိုလ်ပြုအမျှဝေပေးဖို့လည်းဘယ်သူကမှစိတ်ကူး မရှိတော့ပါဘူး။ လောကီရေးပဲ ဖြစ်ဖြစ်လောကုတ္တရာရေးပဲဖြစ်ဖြစ် ပါရမီ ပါခဲ့သူမပါခဲ့သူ နှစ်ယောက်အားထုတ်ရင် ပါရမီပါခဲ့သူက မပါခဲ့သူလိုက်မမှီအောင်ကို လိုက်မမီအောင်ကိုအကျိုးပေးပါတယ်။ ပါရမီပါခဲ့သူတွေအလုပ်လုပ်ရင်ပိုပြီးထိရောက်ပါတယ်။
ဘုရားဟောအရ ဘာမှမမြဲပါဘူး..တစ်နေ့မှာပျက်စီးမှာပါပဲ...နှေးတာနဲ့မြန်တာပဲကွာပါလိမ့်မယ်...မြဲတယ်ဆိုရင်တော့ဘုရားဟောနဲ့ဆန့်ကျင်ဘက်ဖြစ်နေမှာပါ..ဘာမှမမြဲတဲ့လောကကြီးမှာ..ကိုယ်တစ်ယောက်ကတော့..ကိုယ့်နောက်ပါမယ့်တရားတွေ..ရှာနိုင်ဖို့သိပ်ပြီးအရေးကြီးပါတယ်..အမှန်တော့မမြဲတဲ့တရားတွေနဲ့..နေနေရတာ..စိတ်ထဲမှာပျော်မှာလဲမဟုတ်ပါဘူး၊အမြဲပူနေတာပါ၊ကိုယ့်နောက်ပါမယ့်တရားတွေနဲ့..နေနေရင်း..တရားတွေကပြန်စောင့်ရှောက်နေတဲ့အတွက်..စိတ်ကအမြဲအေးချမ်းနေမှာပါ၊ကိုယ့်နောက်ပါမယ့်တရားတွေကို.အမြဲမဟုတ်တောင်..အချိန်ကလေး တစ်ခုအနေနဲ့ပွားများအားထုတ်တာတောင်စိတ်ကလေး..တဒင်္ဂလေးအေးချမ်းနေတာကသက်သေပါ။စာရေးသူကတော့မမြဲတဲ့ပျက်စီးသွားပြီဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်းတစ်နေရာ ကိုရောက်မြဲလဲရောက်နေအုန်းမှာကပါ..ကြည့်မြဲလဲကြည့်ဖြစ်နေအုန်းမှာပါ..
တစ်နေ့သောအခါမှာတော့..သံဝေဂအကြည့်နဲ့ကြည့်ဖြစ်ပါစေလို့ပဲဆုတောင်းမိပါတယ်။ခန္ဓာကိုယ်စားဝတ်နေရေးရှိနေတဲ့အတွက်..မိသားစုရှိနေတဲ့အတွက်..မမြဲတဲ့တရားတွေလည်း..လိုအပ်နေတာပါဘဲ..ဒါပေမယ့်မမြဲတဲ့တရားတွေကို.ခန္ဓာကိုယ်လိုအပ်ချက်အရ..မလွှဲမရှောင်သာအနေနဲ့သာ..သုံးပြီး..မမြဲတာကို..မမြဲမှန်းသိပြီး..ကိုယ်နောက်ပါမယ့်..တရားတွေကိုလည်း..ကျင့်သုံးရင်း..နေထိုင်သွားဖို့ပါပဲ..တစ်ကယ်တော့လည်း..သေရင်မမြဲတဲ့တရားတွေကို..အကုန်လုံးထားခဲ့ကြရမှာပါ။.မြန်မာနိုင်ငံမှာ..မမြဲတဲ့တရားတွေကိုသိခွင့်ရနေတာကကို..သူများနိုင်ငံထက်သာနေပါပြီ..အခုမြန်မာနိုင်ငံမှာ..၀ိပဿနာ တရားကို..မဂ်ပေါက်..ဖိုလ်ဝင်. .ပြပေးနိုင်တဲ့သီလ..သမာဓိ..ပညာကြီးတဲ့..ဆရာတော်ကြီးတွေလဲ အများကြီး ပါပဲ.. ဒါကကို..ကိုယ့်နိုင်ငံက..ကံကောင်းနေတာပါ၊
အသက်အရွယ်ကြီးရင့်မှ..တရားကိုရှာမယ်ဆိုရင်..လူငယ်တစ်ယောက်လို..ခရီးမပေါက်နိုင်တော့ပါဘူး..ငယ်တုန်းကျမ်းမာတုန်းဖြည့်ကျင့်တာကတော့..အကောင်းဆုံးပါပဲ..အနိဝတ္တမင်းကတော့..မမြဲတဲ့သဘောတရားတွေသိပြီး..ဆက်လက်အားထုတ်သွားတာ..ဂတိချိုချို..ဂတိခါးခါးတွေကို..ဘယ်တော့မှ..ပြန်မလာတော့တဲ့..နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားခဲ့ပါပြီ..ကိုယ်ကအနိဝတ္တမင်းလို..ဂတိချိုချိုဂတိခါးခါးက..မလွန်မြောက်နိုင်သေးရင်တောင်..၀ိပဿနာတရားကို..ထိထိရောက်ရောက်..အားမထုတ်နိုင်သေးရင်တောင်..ကိုယ်ရထားတဲ့..ရာထူးဌာနန္တရ..ငွေကြေးဥစ္စာ..လုပ်ပိုင်ခွင့်..ကိုယ်ဝန်းကျင် မှာရှိနေတဲ့..သက်ရှိသက်မဲ့တွေကိုယ်ကြည့်ပြီး..“သြော်..မမြဲတဲ့တရားတွေဘဲ..တစ်နေ့မှာပျက်စီးရမှာပဲ..”လို့မမြဲတဲ့တရားတွေကိုမကြာမကြာဆင်ခြင်ဆင်ခြင်ပေးရပါမယ်..အဲဒီလိုဆင်ခြင်တာလေးတွေကိုလည်း..အထုံအလေ့..အကျင့်ဖြစ်အောင်လုပ်ထားရပါမယ်..အထုံဆိုတာ..အမြဲလေ့ကျင့်ရင်ထုံသွားတာပါပဲ..လေ့ကျင့်စမှာသာ..ကိုယ်ကအားစိုက်ရတာပါ..အထုံဖြစ်သွားရင်တော့..အထူးအားစိုက်စရာ..အလိုတော့ပါဘူး..ဆင်ခြင်ပြီးတဲ့အခါ.အနိဝတ္တမင်းလိုအားကျအတုယူပြီး..၀င်လေထွက်လေပဲဖြစ်ဖြစ်..ဖောင်းတယ်ပိန်တယ်ပဲဖြစ်ဖြစ်..ထင်ရှားတဲ့ရုပ်နာမ်တစ်ခုခုမှာ..သတ္တိကပ်သိပြီးပဲဖြစ်ဖြစ်..၀ိပဿနာ တရားကို..နှစ်မိနစ်..သုံးမိနစ်လောက်လေး..ရှုမှတ်လိုက်ဖို့ပါ..သံဝေဂစစ်စစ်..၀ိပဿနာစစ်စစ်တော့ဖြစ် ခြင်မှဖြစ်မှာပါ..
ဒါပေမယ့်ဆင်ခြင်နေတဲ့အခိုက်အတန့်..ရှုမှတ်နေတဲ့..အခိုက်အတန့်လေးမှာတော့...အကုသိုလ်ကိလေသာတွေ..ကင်းနေတာအမှန်ပါပဲ..အကုသိုလ်ကိလေသာကင်းနေရင်..တဒင်္ဂလေးတော့စိတ်အေးချမ်းနေပါတယ်..ဒါတင်မကပါဘူး..နောက်ဘ၀နောက်ဘ၀တွေအထိလည်းဆင်ခြင်တဲ့အထုံ..ပွားများတဲ့အထုံလေးတွေဆက်ဆက်ပါသွားမှာပါ။ဒီဘ၀ဆင်ခြင်ပွားများရင်နောက်ဘ၀နောက်ဘ၀တွေလည်း..ဆက်ပြီးဆင်ခြင်ပွားများနေဦးမှာပါပဲ.. အဲဒီလိုဆင်ခြင်ပွားများနေတဲ့အချိန်မှာကိုယ့်ကိုယ်ကို.ပါရမီဖြည့်နေတယ်လို့လည်းသဘောထားပေါ့.. တစ်နေ့ကိုဆင်ခြင်တာ.. တစ်မိနစ်..ပွားများတာသုံးမိနစ်..စုစုပေါင်း..လေးမိနစ်လောက်လေးတော့..လေ့ကျင့်သွားသင့်ပါတယ်..လေးမိနစ်ဆိုတော့..ဘာမှမကြာပါဘူးနောက်ဘ၀..ဘ၀..ဘ၀..အထုံတွေအတွက်..အဲဒီလောက်လေးတော့..အချိန်ပေးသင့်ပါတယ်..ပါရမီပြည့်တဲ့ဘ၀တစ်ခုမှာတော့..အနိဝတ္တမင်းလို..တရားထူး..ရသွားမှာပါ..ဒါကြောင့်ရုံးတက်ရင်းလည်း..ဆင်ခြင်ပွားများလို့ရပါတယ်. .ကားစီးရင်းလည်း ဆင်ခြင်ပွားများလို့ရပါတယ်.. ဈေးရောင်းရင်းလည်း ဆင်ခြင်ပွားများလို့ရပါတယ်..နောက်ဆုံးရေချိုးခန်းဝင်နေရင်းလည်း..ဆင်ခြင်ပွားများလို့ရတာပါပဲ..ရေချိုးခန်းဝင်နေတုန်းဆို..ကိုယ်တစ်ယောက်တည်း.ရှိနေတဲ့အတွက်..အသံတိတ်ဆိတ်မှုလည်း..ရှိနေတဲ့အတွက်..ဆင်ခြင်ပွားများရတာ..ပိုလို့တောင်..လွတ်လွတ်လပ်လပ်..ရှိဦးမှာပါ..ရေချိုးခန်းဝင်နေတဲ့အချိန်မှာ ဧည့်သည်လည်းမလာသလို..ဖုန်းလည်းမလာပါဘူး..ပြင်ပလုပ်စရာလည်း..ဘာမှမရှိပါဘူး..ဘာအနှောက်အယှက်မှမရှိတဲ့တကယ့်သီးသန့်ကိုယ်ပိုင်အချိန်တစ်ခုပါပဲ..ရေချိုးခန်းဝင်တာကတော့..လူတိုင်းလူတိုင်းတစ်နေ့ကိုတစ်ကြိမ်..နှစ်ကြိမ်တော့..မဖြစ်မနေ၀င်ကြရတာပါ..တရားအားထုတ်ဖို့..အချိန်မရှိပါဘူးလို့..ဆိုတဲ့သူတွေအတွက်“သီးသန့်ကိုယ်ပိုင်အချိန်လေး”တစ်ခုပါ..
ကိုယ်ကရေချိုးခန်းဝင်တုန်းမှာ..ဆင်ခြင်ပွားများတဲ့အထုံအလေ့အကျင့်လေး..လုပ်ထားလိုက်ရင်..နောင်ဆိုရေချိုးခန်းဝင်လိုက်တာနဲ့ဆင်ခြင်ပြီးသားပွားများပြီးသားဖြစ်နေပါလိမ့်မယ်..အမြဲဆင်ခြင်ပွားများနေတဲ့အတွက်..ကိုယ့်ကိုယ်ကို..သတိပေးနေရာလည်းရောက်ပါတယ်..တရားတွေအများကြီး..မလုပ်နိုင်သေးပေမယ့်..နေ့စဉ်မိနစ်ပိုင်း.ဆင်ခြင်ပွားများနေတဲ့အတွက်“ငါ..တရားနဲ့သိပ်ကွာဟမနေပါဘူးလေ”ဆိုပြီးကိုယ့်ကိုယ်ကိုလည်း..အားပေးလို့ရပါတယ်..တရားမလုပ်ဖြစ်သေးလို့..တစ်ခါတစ်လေစိတ်ဓာတ်ကျရသူတွေအတွက်ဖြေဆည်ရာတစ်ခုပါ..ဒီလိုပါပဲ.. ဈေးရောင်းနေရင်လည်း.. ဆင်ခြင်ပွားများလို့ရတာပါပဲ..ဈေးဆိုတာ..အချိန်ပြည့်ရောင်းနေရတာမဟုတ်ပါဘူး..ကြားထဲမှာ..၀ယ်သူမလာသေးတဲ့အချိန်ဆိုတာ..ရှိနေတာပါပဲ..၀ယ်သူမလာသေးတဲ့ အချိန်လေးတွေမှာဆင်ခြင်ပွားများနေလို့.. ရတာပါပဲ..ဒါဆိုရင်..ဈေးရောင်းရင်းကုသိုလ်တွေ..ဖြစ်နေ တော့တာပါ..ဆင်ခြင်ပွားများနေတဲ့ဈေးသည်တစ်ယောက်ဟာ..ဘယ်တော့မှ..အကုသိုလ်..မကင်းတဲ့ဈေးရောင်းမှုကိုမပြုပါဘူး..ဈေးရောင်းရင်းကုသိုလ်ဖြစ်တဲ့သူတွေရှိသလို..ဈေးရောင်းရင်းအကုသိုလ်ဖြစ်တဲ့သူတွေလည်းအများကြီးပါ..ဈေးရောင်းတာဟာသတိရှိရင်နိဗ္ဗာန်နဲ့နီးရသလို..သတိမရှိရင်..ငရဲနဲ့လည်းနီးရပါတယ်..ဒါကြောင့်ငရဲနဲ့နီးတဲ့ဈေးရောင်းနည်းကိုတော့.အထူးရှောင်ကြဉ်ရပါမယ်..တရားထူးရသွားကြတဲ့..ထေရီ..ထေရာ..အရှင်မြတ်တွေဟာ..တစ်ပါးနဲ့တစ်ပါး..ဆင်ခြင်ပုံချင်းတော့မတူကြပါဘူး..ဒီတော့..ကိုယ်အားကျကြည်ညိုတဲ့ထေရီ..ထေရာတစ်ပါးပါးရဲ့.ဆင်ခြင်မှုကို..အတုယူပြီး.ဆင်ခြင်လို့ရသလို..ကိုယ်ကြားဖူးတဲ့ရှေးရှေးဆရာတော်ဘုရားကြီးတွေရဲ့ဆင်ခြင်မှုမျိုးတွေနဲ့လည်းဆင်ခြင်လို့ရပါတယ်.ဒါမှမဟုတ်ကိုယ်နားလည်သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်းဆင်ခြင်လို့ရပါတယ်.သီလ.သမာဓိ.ပညာကြီးမားတဲ့ရှေးရှေးဆရာတော်ဘုရားကြီးတွေရဲ့ဆင်ခြင်မှုလောက်.အဆင့်မမြင့်ပေမယ့်.သူတော်ကောင်းတွေရဲ့အပြုအမူအတိုင်း..အတုယူကျင့်သုံးနေတဲ့အတွက်ကိုယ့်ကိုယ်ကို..ကြည်ညိုလို့ရနေပါပြီ..ဒါသူတော်ကောင်းဓာတ်ကူးဆက်တယ်လို့လည်း..ခေါ်ပါတယ်..
ဘာပဲပြောပြော..ကိုယ့်ဝန်းကျင်မှာရှိတဲ့..သက်ရှိသက်မဲ့..မမြဲတဲ့သဘောတရားတွေကိုကြည့်ပြီး“သြော်..မမြဲတဲ့..တရားတွေပဲ..တစ်နေ့ မှာပျက်စီးရမှာပဲ”..လို့နေ့စဉ်ဆင်ခြင်ပေးပါ..နောက်ဘ၀မှာ..အထုံပါရမီလေး..ပါသွားအောင်လို့ပါ..

စာရေးသူအမည်..ရဝေနွယ်(အင်းမ)

စာအုပ်အမည်.....စိတ်ညစ်ရေချိုးပါ

No comments: