စိတ်ညစ်ရင် ရေချိုးပါ (ပါနီယဇာတ်)

တခါတုန်းကသားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့သားအဖနှစ်ယောက် ရီးတစ်ခုထွက်ဖို့ပြင်ကြ ပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့အုပ်တစ်ခုကိုဖြတ်သန်းသွားရမှာပါ။ အဲဒီတောအုပ် ထဲမှာ ဓားပြသူခိုး တွေကလည်းရှိနေပါတယ်။ဓားပြသူခိုးတွေရဲ့လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖ နှစ်ယောက် လာရင်သား ကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့်လာရင် လည်းဆရာကို ဖမ်းပြီးတပည့်ကိုအိမ်ငွေပြန်ယူစေပါတယ်။ဒီလုပ်ထုံးအစဉ်အလာကို သိ ထား တော့ သားအဖနှစ်ယောက် ကခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သားဓားပြသူခိုးတွေ နဲ့တွေ့တဲ့အခါ မင်းနဲ့ ငါသားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ပြော” လို့ မှာပါတယ်။ဒီလိုနဲ့တောထဲ ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။တွေ့တော့သားအဖနှစ်ယောက်ကိုဖမ်းပြီး “သင်တို့ဘာ တော်သလဲ” လို့ မေးတော့ သားလုပ်တဲ့ သူက “ဘာမှ မတော်ဘူးလို့”ပြန်ဖြေလိုက် ပါတယ်။
ဒီတော့ သားအဖနှစ်ယောက်တောအုပ်ကထွက်ခွင့်ရပြီးရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။နားရမယ့်နေရာ မှာနားပြီး ညချမ်းရောက်တော့ရေချိုးပါတယ်။ရေချိုးပြီး တော့စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူ ကမိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကိုပြန် သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး“ဒီအကုသိုလ် ဟာငါ့ကိုအပါယ်ချတော့မှာပဲ” ဆိုပြီးရပ် လျက် ၀ိပဿနာ ပွားလိုက်တာပစ္စေကဗုဒ္ဓါအရှင်မြတ် ဖြစ်သွား ပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး  နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။

(ငါးရာ့ငါးဆယ်၊ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီ တွေကြောင့်ရသွား တာပါ။ ဒါပေမယ့်ရေချိုး လိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခုဖြစ်သွားတာပါ။ ရေချိုးထားတဲ့စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက်တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေသွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာ ဆိုတော့ စိတ်ညစ် တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။
ဒါက၀တ္ထုသာဓကလေးကိုကိုင်ပြောတာပါ။စာနဲ့ကိုင်ပြောမယ်ဆိုရင်လည်းဝိဘင်းအဋ္ဌကထာမှာ ပညာ ပွားကြောင်း (၇)ပါးကို ပြထားပါတယ်။ 
အင်္ဂါ(၇)ပါးမှာဒုတိယအင်္ဂါကဉာဏ်ပညာပွားဖို့အတွက်ကိုယ်တွင်းကိုယ်ပနှစ်ဌာနကိုသန့်ရှင်းစင်ကြယ် အောင် လုပ်ပေး ပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်း အကျယ်ပြန်ရှင်းပြထားပါတယ်။ ဆံပင်တွေ ရှည်နေမယ် ၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ကြေးတွေကပ် နေမယ်၊ ခန္ဓာကိုယ် ထဲမှာအပူအပုပ်တွေလေဆိုးတွေရှိနေမယ်၊ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။နောက်ကိုယ့်ရဲ့ အ၀တ်အစားတွေဟောင်းနွမ်းနေမယ်၊အိပ်ရာ၊ခြင်ထောင်၊စောင်၊ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ် ။ကိုယ်နေ တဲ့အခန်း ထဲမှာပစ္စည်း တွေဖရိုဖရဲဖွာလန်ကြဲနေမယ်။ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေပြန့် ကျဲနေမယ်။အမှိုက်တွေရှိနေမယ်။ဒါဟာအပြင်ဝတ္ထုမသန့်ရှင်းတာပါ။အဲဒီလိုကိုယ်တွင်း ကိုယ်ပ မသန့်ရှင်းတော့ ဘူးဆိုရင်စိတ်ရှုပ်လာပါလိမ့်မယ်။စိတ်ရှုပ်လာရင် ဉာဏ်အမြင်မကြည်လင်တော့ပါဘူး။
ဒါဆိုရင်နေရထိုင်ရတာမပျော်ရွှင်တော့ပါဘူး။ဒါကြောင့်ဆံပင်တွေရှည်နေမယ်၊ရှုပ်ထွေးညစ်ပတ် နေမယ် ဆိုရင်ညှပ်စရာရှိတာညှပ်၊လျှော်စရာရှိတာလျှော်ပေးရမယ်။ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာချွေးတွေ၊ဂျီးတွေရှိနေရင်ရေချိုးပေးရပါမယ်။ခန္ဓာကိုယ်ထဲ မှာလေဆိုးတွေ အပူအပုပ် တွေရှိနေရင် နားလည်တဲ့ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ဆေးစသည်စားပြီး ခန္ဓာကိုယ်ပေါ့ပါးအောင်လုပ်ပေးရပါမယ်။ဒါကအတွင်းဝတ္ထုသန့်ရှင်းအောင်လုပ်ပေးတာပါ။နောက်အ၀တ်အစားတွေဟောင်းနွမ်းနေရင်၊အနံအသက်ဆိုးတွေရှိနေရင်လျှော်ပေးရမယ်။စောင်တွေ၊ခြင်ထောင်တွေ ၊ခေါင်းအုံးတွေ၊အိပ်ရာခင်းတွေကိုလျှော်စရာရှိတာလျှော်၊နေလှန်းစရာ ရှိတာလှန်းပြီးပေးရပါမယ်။ အခန်းထဲမှာ ရှုပ်ပေပွ နေရင်အခန်းသန့်ရှင်းရေးလုပ်ပေးရပါမယ်။ဒါကအပြင် ၀တ္ထုသန့်ရှင်းအောင်လုပ်ပေးတာပါ။ကိုယ်တွင်းကိုယ်ပသန့်ရှင်းနေရင် စိတ်ကြည်လင်လာပါ လိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ပါကြည်လင်လာတော့တာပါ။
တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ကျောင်းသူကျောင်းသားကော၊ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းအောင်ဂရုတစိုက်လုပ်ပေးနေရပါမယ်။ ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုး  ဘဲ  ချွေးသံ တရွှဲရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာ က ပိုပြီးထိုင်လို့ကောင်းမလဲ? 
ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ခေါင်းမလျှော်ပဲ ဆံပင်ဖွာလန်ကြဲနဲ့တရားထိုင်တာ ဘယ်ဟာက ပိုပြီးစိတ်ကြည် လင်မလဲ?အထူးပြောနေစရာမလိုတော့ပါဘူး။သိပ်သိသာပါတယ်။ရေချိုးပြီးမှ တရားထိုင်ရင် ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ထိုင်ရတာလည်းပိုပြီးကောင်းပါတယ်။ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။ ဒီလိုပါပဲ။
ကျောင်းသားတစ်ယောက်ဟာစာမကျက်ခင်ရေချိုးထားရင်စိတ်ကော၊ရုပ်ကော ကြည်နေတဲ့ အတွက်ပိုပြီး ဉာဏ်သက်ဝင် သလိုစာကျက်လို့လည်းပိုကောင်းနေပါလိမ့်မယ်။ကိုယ်ကဒီသဘော လေးတွေကို အာရုံပြုပြီးကိုယ်တွင်း ကိုယ်ပနှစ်ဌာနကိုသန့်ရှင်းအောင်မကြာခဏ လုပ်ပေးနေရ ပါမယ်။စိတ်ချမ်း သာနေရင်တရားအလုပ်ပဲလုပ်လုပ်၊စီးပွားရေးပဲလုပ်လုပ်၊စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။
တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့အခန်းကိုသန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံး တွေကို လျှော်ဖွပ်ပြီးအသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။အားလုံးပြီးတာ နဲ့အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပါယဖြစ်သလိုထိုင်ပြီးခါးကိုဖြောင့်ဖြောင့်ထား၊မျက်လုံးလေးမှိတ်၊လက်အုပ်ကလေးချီပြီး ငါးပါး သီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ“မြတ်စွာဘုရား၊ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူ ပါဘုရား” လို့ ပင့်လိုက်ပါ။
ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်းဦးခေါင်းထက်ကိုပင့်လိုက်ပါ။စိတ်ထဲမှာလည်း မြတ်စွာဘုရားကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာ ဘုရားကတော့ ပရိနိဗ္ဗာန်စံပြီးပြီဆိုတော့တကယ်တော့ဘယ်ကြွလာမှာလဲ။ 
စိတ်ဓာတ်အင်အားကိုယူတာပါ။စိတ်ထဲမှာမြတ်စွာဘုရားတကယ်ကြွလာတယ် လို့နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင်လက်အုပ်ချီထားတာလေးချပြီးအရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ်ပွားနေလိုက်ပါဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ 
မယုံရင်စမ်းကြည့်ပါ။စာရေးသူလည်းစိတ်ညစ်လာရင်ဒီနည်းအတိုင်းပဲလုပ်တာပါ။ဒါဆိုစိတ်ညစ်တာ ပျောက် သွား တာ များပါတယ်။
ကိလေသာမကင်းသရွေ့တော့ စိတ်တွေက အခါအား လျှော်စွာညစ် နေရဦးမှာပါ စိတ်ညစ်တာ ကိုညစ်တဲ့အတိုင်း မထားဘဲ ကိုယ်နှစ်သက်တဲ့နည်းတစ်ခုခုနဲ့ပယ်ပစ်လိုက်နိုင်ဖို့ပါ။ရေချိုးလိုက်တာ ကတော့သိပ်ပြီးမခက်လှပါဘူးဒီနည်းလေးကို ကိုယ်ကအထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။

“စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊
စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်” 
နဲ့ကျင့်ပါများသွားရင်အထုံဖြစ်သွားပါလိမ့်မယ်။အထုံဖြစ်သွားရင်စွဲသွားတာများပါတယ်။ကောင်းတဲ့အထုံလေး တွေဆိုစွဲ နေအောင်လုပ်ထားရပါတယ်။အဲဒီလိုမှမဟုတ်ဘဲစိတ်ညစ်လာရင်ထွက်ပေါက်အနေနဲ့အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကိုသွားလုပ်မယ်ဆိုရင်တော့ကိုယ်ပြုတဲ့အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်း တာစွဲသွား ရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ်မကင်းတဲ့အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့စိတ်ညစ်လာရင်တစ်ယောက်ယောက်ဆီကိုဖုန်းဆက်ပြောလေ့ရှိပါတယ်။ကိုယ်ဖုန်း ဆက်ပြောတဲ့ သူကကောင်းမြတ်တဲ့အကြံပေးရင်တော်ပါရဲ့။ “ဘယ်လိုကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား”စ သည်ဖြင့်အကုသိုလ်မကင်းတဲ့အကြံ တွေပေးလိုက်ရင်ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင် ပါတယ်။
ကဲထားပါတော့။တစ်ယောက်ယောက်ဆီဖုန်းဆက်အကြံဉာဏ်တောင်းလိုကိုယ်အကြံတောင်း တဲ့သူက “လာခဲ့၊ဘယ်ဆိုင်မှာဘယ်ကလပ်မှာသွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်” ဆိုပြီးလှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့ အတိုင်းနေရာ တစ်ခုခုမှာကဲ ပါပြီတဲ့၊ ကဲနေတုန်းမှာလန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။နောက်ဆုံး ကိုယ့်မှာအကုသိုလ်အပိုဖြစ်ရတာပဲအဖတ်တင်တာပါ။စိတ်ညစ် တဲ့အခါထွက်ပေါက်မျိုးစုံတော့ရှိနေကြမှာပါ။အဲဒီအထဲကမှကောင်းတဲ့ထွက်ပေါက်လည်းဖြစ်၊ကိုယ်နဲ့သပ္ပါယသင့်တဲ့ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက်တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။စိတ်ညစ်ရင်အခြား တစ်ဖက်မှာဆိုးကျိုးတွေရှိနေတဲ့အတွက်ကောင်းတဲ့ထွက်ပေါက်လေးတွေ ကိုအထုံ တစ်ခုအ နေနဲ့စွဲနေအောင်လေ့ကျင့်ထားနိုင်ရပါမယ်။
တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည် မနေနိုင်ပါဘူး.ကာလတစ်ခု ပါပဲ။ ကိုယ်ကမမြဲတဲ့ သဘောတရားလေး ကိုသေချာ သဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီးထွက်ပေါက်အနေနဲ့အကုသိုလ်မပြုလိုက်မိဖို့ပါ။စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကိုလုပ်ချင်သည်ဖြစ်စေ၊မလုပ်ချင်သည် ဖြစ်စေပေတေလုပ်နေလိုက်ပါ။ရေမချိုးခင် မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်းရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။
ကာလတစ်ခုကြာလို့စိတ်ညစ်တာလည်းပျောက်သွားရောကိုယ့်ရင်ထဲကိုပြန်ကြည့် လိုက်တဲ့အခါ ကုသိုလ်တွေ တစ်လှေကြီးဖြစ်နေတော့တာပါ။
ဒီကုသိုလ်တွေဟာနောက်ဘ၀အထိအထုံဓာတ်တွေအနေနဲ့ပါသွားတော့မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀ အထိလိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ဘယ်လိုအာရုံပဲကြုံလာကြုံလာ၊ကြုံလာတဲ့အာရုံကိုအကြောင်းပြုပြီးကုသိုလ်ဖြစ်သွားဖို့ပါ။ဒါကိုကိုယ်ကအလေ့အကျင့်ဖြစ်အောင် လေ့ကျင့်၊လေ့ကျင့်ထားဖို့ပါ။လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။နောင်ဆိုရင်အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင်စိတ်ချမ်းသာ လာပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)

No comments: