ပဋိလောမ ပဋိစ္စသမုပ္ပါဒ် အနက်

အဝိဇ္ဇာယ တွေဝ၊ အဝိဇ္ဇာ၏သာလျှင်၊ အသေသဝိရာဂနိရောဓာ၊ ဝိရာဂမည်သော ဝိဇ္ဇာဉာဏ်ဖြင့် အကြွင်း မရှိ ချုပ်ငြိမ်းခြင်းကြောင့်၊ သခါင်္ရနိရောဓော၊ အကုသိုလ်ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သခါင်္ရတို့ ၏ချုပ်ငြိမ်း ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
သခါင်္ရနိရောဓာ၊ အကုသိုလ်ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သခါင်္ရတို့ ၏ချုပ်ငြိမ်းခြင်းကြောင့်၊ ဝိညာဏ နိရောဓော၊ ဘဝသစ်ဝိညာဏ်၏ မပေါ်အလျှင်း ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဝိညာဏနိရောဓာ၊ ဝိညာဏ်၏ ချုပ်ငြိမ်းခြင်းကြောင့်၊ နာမရူပနိရောဓော၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
နာမရူပနိရောဓာ၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းကြောင့်၊ သဠာယတနနိရောဓော၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
သဠာယတနနိရောဓာ၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဖဿနိရောဓော၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဖဿနိရောဓာ၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဝေဒနာနိရောဓော၊ ဝေဒနာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဝေဒနာနိရောဓာ၊ ဝေဒနာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်၊ တဏှာနိရောဓော၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
တဏှာနိရောဓာ၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဥပါဒါနနိရောဓော၊ ဥပါဒါန် ၄-ပါး၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဥပါဒါနနိရောဓာ၊ ဥပါဒါန် ၄-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဘဝနိရောဓော၊ ကမ္မဘဝ၊ ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဇာတိနိရောဓော၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဇရာ မရဏံ၊ အိုခြင်း သေခြင်း သည်လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ခြင်း ငိုကျွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း သက်ကြီးရှိုက် ငင် ပင်ပန်းခြင်းတို့သည်လည်းကောင်း၊ နိရုဇ္ဈန္တိ၊ ချုပ်ငြိမ်းကုန်၏။
ဧဝံ၊ ဤသို့၊ ကေဝလဿ၊ ခပ်သိမ်းဥဿုံအလုံးစုံသော၊ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲခြင်း အစုသည်၊ နိရောဓော၊ ချုပ်ငြိမ်းခြင်းသည် ဟောတိ၊ ဖြစ်၏။

No comments: