အနုလောမ ပဋိစ္စသမုပ္ပါဒ် အနက်

အဝိဇ္ဇာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင် မထင်မလင်းမှု ဟူသော အကြောင်းတရား ထင်ရှားရှိနေခြင်း ကြောင့်၊ သခါင်္ရာ၊ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သခါင်္ရမှုတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ပွါး ကုန်၏။
သခါင်္ရာပစ္စယာ၊ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သခါင်္ရတရား ထင်ရှားရှိနေခြင်း ကြောင့်၊ ဝိညာဏံ၊ ဘဝသစ်၌ ဝိဉာဏ်သစ် ဖြစ်ပေါ်မူသည်။ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဝိညာဏပစ္စယာ၊ ဝိဉာဏ်သစ် ဖြစ်ပေါ်မှုကြောင့်၊ နာမရူပံ၊ နာမ်အစု ရုပ်အစု သည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
နာမရူပပစ္စယာ၊ နာမ်အစု ရုပ်အစု ဖြစ်ပွါးမှုကြောင့်၊ သဠာယတနံ၊ ဒွါရ ၆-မည် အကြည် ၆-ပါး သဠာယတန တရားစု သည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
သဠာယတနပစ္စယာ၊ ဒွါရ ၆-မည် အကြည် ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ ဖေဿာ၊ အာရုံကို တွေ့မှုဟူသော ဖဿ ၆-ပါးသည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဖဿပစ္စယာ၊ ဖဿ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ ဝေဒနာ၊ အာရုံကို ခံစားမှုဟူသော ဝေဒနာ ၆-ပါးသည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ တဏှာ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို ခုံမင်တွယ်တာ သာယာ ကပ်ငြိသော တဏှာ ၆-ပါး သည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
တဏှာပစ္စယာ၊ တဏှာ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ ဥပါဒါနံ၊ မလွှတ်နိုင် မခွါနိုင် ပိုင်ပိုင်စေးချွဲ အတွယ်မြဲသော ဥပါဒါန်တရားသည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်တရား ထင်ရှားရှိနေခြင်းကြောင့်၊ ဘဝေါ၊ လောကအစီးအပွါး သံသရာ အစီးအပွါး ဟူသော ကံတရား၊ ဝိပါက်တရားစုသည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဘဝပစ္စယာ၊ ပစ္စုပ္ပန်စီးပွါးမှု သံသရာစီးပွါးမှု ထင်ရှားရှိနေခြင်းကြောင့်၊ ဇာတိ၊ အဖန်ဖန် ပဋိသန္ဓေနေမှု ထင်ရှား ရှိနေခြင်းသည်၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဇာတိပစ္စယာ၊ ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့်၊ ဇရာမရဏံ၊ အဖန်ဖန်အိုမင်းရင့်ဆွေးမှု သေဆုံးမှု သည် လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ပူဆွေးမှု ငိုကျွေးမြည်တမ်းမှု ပင်ပန်းဆင်းရဲမှု နှလုံးမသာယာမှု သက်ကြီးရှိုက်ငင် ပူပန်မှုတို့သည်လည်းကောင်း၊ သမ္ဘဝန္တိ၊ ဖြစ်ပွါးကုန်၏။
ဧဝံ၊ ဤသို့၊ ကေဝလဿ၊ ချမ်းသာမဖက် ဆင်းရဲသက်သက်သာဖြစ်သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲခြင်း ဒုက္ခအစုသည်၊ သမုဒယော၊ ဖြစ်ပွါးခြင်းသည်၊ ဟောတိ၊ ဖြစ်၏။

No comments: