နေ့စဉ်နေ့တိုင်း လိုက်နာကျင့်ကြံဖွယ်များ


၁။နေထွက်နေ၀င်။ကိုးဂုဏ်ရှင်၊နေ့စဉ် ရှိခိုးမယ်
၂။အနန္တငါး၊ဂုဏ်တော်များ၊ညွတ်တွား ကန်တော့မယ်
၃။မျက်နှာသစ်လျှင်၊ရေကိုမြင်။မြင်စဉ် မေတ္တာပွားပါ့မယ်။
၎။သစ်ရင်းသစ်ရင်း၊လျော့ယိုယွင်း၊ရုပ်ဆင်း သတိထားပါ့မယ်
၅။မသန့်မစင်၊ရေအိမ်ဝင်၊ဆင်ခြင်အသုဘ ပွားပါ့မယ်
၆။လူမမာကြီး၊ဆေးကျွေးနည်း၊ပုံမှီး၍သာ၊ဤခန္ဓာ အစာရေစာ ကျွေးပါ့မယ်
ရ။နူနာကောင်ကြီး၊ကျပ်တွေစည်း၊ပုံမှီး၍သာ၊၊ဤခန္ဓာ တန်ဆာအ၀တ်ဆင်ပါ့မယ်

၈။နေ့စဉ်ယုယ၊ကျွေးမွေးရလည်း၊ခဏတိုင်းသေ၊နေ့တိုင်းသေ၊သေမှုဆင်ခြင် ပွားပါ့မယ်
၉၊ရုပ်ဆင်းကြန်အင်။အကန်းသွင်၊မမြင်ချင်ယောင် ဆောင်ပါ့မယ်
၁၀။တွေ့ကရစကား၊နားပင်းလား၊မကြားချင်ယောင် ဆောင်ပါ့မယ်။
၁၁၊၊စကားပေါက်ကရ၊နှုတ်မဟ၊အ,အလိုပဲ နေပါ့မယ်
၁၂။လောဘစကား(ဒေါသစကား၊မောဟစကား၊မာနစကား၊ ဣဿာစကား) မီးတောက်လား၊ရှောင်ရှားဝေးစွာ နေပါ့မယ်
၁၃။လူချင်းတွေ့လျှင်၊ကိုယ်ကပင်။အရင်မေတ္တာပို့ပါ့မယ်
၁၄။တန်းတူတွေ့လျှင်၊မေတ္တာဝင်။မ၀င်နိုင်က ပြိုင်တတ်တယ်။
၁၅။ပြိုင်မယ့်အစား၊မေတ္တာပွား၊စိတ်ထားပြုပြင် ပြောင်းပါ့မယ်
၁၆။ကိုယ့်အောက်တွေ့လျှင်၊ကရုဏာဝင်၊မ၀င်နိုင်က နိုင်တတ်တယ်
၁၇။နိုင်မယ့်အစား၊ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်
၁၈။ကိုယ့်ထက်သာလျှင်၊မုဒိတာဝင်၊မ၀င် ဣဿာ၊ယိုင်တတ်တယ်
၁၉။ယိုင်မယ့်အစား၊မုဒိတာပွား၊စိတ်ထားပြုပြင် ပြောင်းပါ့မယ်
၂၀။ကောင်းဆိုးကြုံရ၊ဘုံဘ၀၀ယ်။ကယ်မဖို့ရာ၊ခွင့်မသာမူ၊သတ္တ၀ါတခု၊ကံတခုဟု၊ဥပေက္ခာ၀င်၊ကံဆင်ခြင်၊ကြည်လင်အေးအောင်နေပါ့မယ်
၂၁။ရုပ်ကိုလည်းပြင်။စိတ်လည်းပြင်၊ပြင်ဆင်တိုင်းရ၊ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။


http://forverfriends.ning.com/profiles/blogs/2863689:BlogPost:537588

No comments: