၁။ သမ္မာဒိဋ္ဌိ ၃-ပါး ပါဌ်အနက် (လယ်တီဆရာတော်)

၁။ သမ္မာဒိဋ္ဌိ ၃-ပါး ပါဌ်အနက်
ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဒသဝတ္ထုကသမ္မာဒိဋ္ဌိ, စတုသစ္စသမ္မာဒိဋ္ဌိ။
၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = သတ္တဝါတို့အား မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည် သာ လျှင် ဘဝများစွာ,ကမ္ဘာများစွာသွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာရှိကြ ကုန် သည် ဟု သိမြင်သော သမ္မာဒိဋ္ဌိ။
၂။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ = ဉာဏ်၏ သက်ဝင်ရာ ဝတ္ထုအပြား ဆယ်ပါးရှိသော သမ္မာဒိဋ္ဌိ။
၃။ စတုသစ္စသမ္မာဒိဋ္ဌိ = ဉာဏ်၏ သက်ဝင်ရာ အဟုတ်ကြီး ၄-ပါး,အမှန်ကြီး ၄-ပါး ထင်ရှားရှိသောသမ္မာဒိဋ္ဌိ။
၁.၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ပါဌ်အနက်
သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ၊ ကမ္မပ္ပ္ပဋိဿရဏာ ယံ ကမံ္မ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒါ ဘဝိဿန္တိ။
၁။ သဗ္ဗေ=အလုံးစုံကုန်သော၊ သတ္တာ=သတ္တဝါတို့သည်၊ ကမ္မဿကာ=မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာ လျှင်ဘဝ များစွာ, ကမ္ဘာများစွာ သွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင် ဥစ္စာ ရှိကြကုန်၏။
၂။ ကမ္မဒါယာဒါ=မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ မိမိ တို့သန္တာန်မှာ အစဉ်ပါသော အမွေဥစ္စာ ရှိကြကုန်၏။
၃။ ကမ္မယောနီ=မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေ ရာရာ မိမိ တို့သန္တာန်မှာ အစဉ်ပါသော ပဓာနအကြောင်းရင်း ရှိကြကုန်၏။
၎။ ကမ္မဗန္ဓူ= မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေ ရာရာ အစဉ် ပါသောဆွေမျိုးမိတ်စစ် ရှိကြကုန်၏။
၅။ ကမ္မပ္ပဋိသရဏာ= မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ အစဉ် ပါသော ကိုးကွယ်ရာ လည်းလျောင်းရာ ရှိကြကုန်၏။
၆။ ကလျာဏံ ဝါ=ကောင်းသည်လည်းဖြစ်ထသော၊ ပါပကံဝါ=မကောင်းသည်လည်းဖြစ်ထသော၊ ယံ ကမ္မံ= အကြင် ကိုယ်အမှု, နှုတ် အမှု, စိတ်အမှုကို၊ ကရိဿန္တိ=ပြုကြကုန်သည်ဖြစ်အံ့။ တဿ=ထိုမိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါး၏၊ ဒါယာဒါ= ကောင်းကျိုး, မကောင်းကျိုးဟု ဆိုအပ်သော ကောင်းမွေမျိုး, ဆိုးမွေမျိုးကိုဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ခံစံကြ ရကုန်သည်၊ ဘဝိဿန္တိ=ဖြစ်ကြကုန်လတ္တံ့။

၁.၂။ ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ပါဌ်အနက်
အတ္ထိဒိနံ္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ၊ အတ္ထိသုကတဒုကုက္ကဋာနံ၊ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိမိမာတာ၊ အတ္ထိပိတာ၊အတ္ထိသတ္တာ သြပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရောလောကော၊ အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။
၁။ ဒိန္နံ=ပေးကမ်း လှူဒါန်းမှုဟူသော ဒါနကုသိုလ်မျိုး၏ အကျိုးရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏။
၂။ ယိဋ္ဌံ=ယဇ်ခေါ်သော ပူဇော်မှုကြီးမျိုး၏ အကျိုးရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏။
၃။ ဟုတံ=ဟုန်းခေါ်သော ပူဇော်မှုငယ်မျိုး၏ အကျိုးရင်း အကျိုးဆက်သည်၊ အတ္ထိ= အမှန်ရှိ၏။
၎။ သုကတဒုက္ကဋာနံ=ကောင်းစွာပြုအပ်, မကောင်းစွာ ပြုအပ်ကုန်သော၊ ကမ္မာနံ=သုစရိုက်ကံ, ဒုစ္စရိုက် ကံ တို့၏၊ ဖလံ= အကျိုးဆက်သည်လည်းကောင်း၊ ဝိပါကော=အကျိုးရင်းသည်လည်းကောင်း၊ အတ္ထိ၊အမှန်ရှိ၏။
၅။ မာတာ=အမိ၌ ကောင်းစွာပြုမှု, မကောင်းစွာ ပြုမှု၏အကျိုးရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏။
၆။ ပိတာ=အဖ၌ ကောင်းစွာပြုမှု, မကောင်းစွာ ပြုမှု၏ အကျိုးရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏။
၇။ သြပပါတိကာ သတ္တာ=လူတို့သည် မမြင်အပ်ကုန်သော ငရဲပြိတ္တာ နတ် သိကြား ဗြဟ္မာ ဟူကုန်သော ဥပပါတ် သတ္တဝါ မျိုး တို့သည်၊ အတ္ထိ=အမှန်ရှိကြကုန်၏။
၈။ အယံ လောကော= မျက်မြင်ဒိဋ္ဌ ဤလောကသည်၊ အတ္ထိ=အမှန်ရှိ၏။
၉။ ပရောလောကော=သေသည့်နောက်မှာ ရောက်ကြရာသော လောကတစ်ပါး ဘုံတစ်ပါးသည်၊ အတ္ထိ= အမှန်ရှိ၏။
တစ်နည်းကား။ ။အယံ လောကော=ဤလူ့လောကသည်၊အတ္ထိ=အမှန်ရှိ၏။ ပရောလောကော=အပါယ်လေးရပ် ခြောက်ထပ် နတ်ရွာ ဗြဟ္မာနှစ်ဆယ်ဟူသော တစ်ပါးသောလောကသည်၊ အတ္ထိ=အမှန်ရှိ၏။
တစ်နည်းကား။ ။ အယံ လောကော= ဤလူ့ဘုံနှင့်တကွအပါယ်လေးရပ် ခြောက်ထပ်နတ်ရွာ ဗြဟ္မာ နှစ်ဆယ် ဟူသော ဤ စကြဝဠာ လောကဓာတ်သည်၊ အတ္ထိ=အမှန်ရှိ၏။ ပရောလောကော=ရှစ်မျက်နှာ အားလုံးတို့၌ အဆုံး မရှိသော တစ်ပါးသော လောက ဓာတ်အနန္တသည်၊ အတ္ထိ=အမှန်ရှိ၏။
၁ဝ။ လောကေ=လူ့ဘုံ လူ့ဘဝ လူ့လောက၌၊ သမဂ္ဂတာ=စိတ်ငြိမ်သက်ခြင်းသို့ ရောက်ကြကုန်သော၊ သမ္မာပဋိပန္နာ =ကောင်းစွာ ကျင့်ကြ ပေကုန်သော၊ သမဏဗြာဟ္မဏာ=သဗ္ဗညုတဘုရား အစရှိကုန်သော ရဟန်းပုဏ္ဏား တို့သည်၊ အတ္ထိ=အမှန်ရှိကြကုန်၏။ ယေ= အကြင်ရဟန်းပုဏ္ဏားတို့သည်၊ ဣမဉ္စလောကံ= ဤလောကကိုလည်းကောင်း၊ပရဉ္စလောကံ=တစ်ပါးသော လောကကို လည်းကောင်း၊ သယံ= မိမိ တို့ကိုယ် တိုင်၊ အဘိညာ=အထူးသိမြင်ကြကုန်၍၊ သစ္ဆိကတွာ=မျက်မှောက်ပြုကြကုန်၍၊ ပဝေဒေန္တိ =လူအများကို ဟောကြားဖော်ပြကြကုန်၏။

၁.၃။ စတုသစ္စ သမ္မာဒိဋ္ဌိ ပါဌ်အနက်
ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓ ဂါမိနိပဋိပဒါယ ဉာဏံ။
၁။ ဒုက္ခေ=ဒုက္ခ အမှန်၌၊ ဉာဏံ=သိသောဉာဏ်လည်းကောင်း။
၂။ ဒုက္ခသမုဒယေ=ဒုက္ခ၏ ဖြစ်ပွားကြောင်း တရားအမှန်၌၊ ဉာဏံ=သိသောဉာဏ်လည်းကောင်း။
၃။ ဒုက္ခနိရောဓေ=ဒုက္ခ၏ ချုပ်ငြိမ်းရာ တရားအမှန်၌၊ ဉာဏံ=သိသော ဉာဏ်လည်းကောင်း။
၎။ ဒုက္ခနိရောဓဂါမိနီပဋိပဒါယ=ဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့ ပေါက်ရောက်တတ်သော ပဋိပတ်လမ်းအမှန်၌၊ ဉာဏံ= သိသော ဉာဏ်လည်းကောင်း။

No comments: