ဂုဏ်တော်များ (သမ္မာသမ္ဗုဒ္ဓ)

1.အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား
2.သိဖွယ်တရား (၅)ပါးတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား
3.ဉေယျဓမ်တရား ၅ပါး တို့ကို ပြည့်စုံအောင် သိမြင်တော်မူသော မြတ်စွာဘုရား
4.သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ ပညတ်၊ နိဗ္ဗာန် တရားတို့ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား
5.သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် သိမြင်တော်မူသော မြတ်စွာဘုရား

6.သိဖွယ်တရားများကို ရှင်းရှင်းလင်းလင်း သိမြင်တော်မူသော မြတ်စွာဘုရား
7.အလုံးစုံသော တရားတို့ကို ဖောက်ပြန်မှားယွင်းခြင်းမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
8.အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်း သိမြင်တော်မူသော မြတ်စွာဘုရား
9.အလုံးစုံသော တရားတို့ကို နည်းပေးလမ်းပြဆရာမရှိဘဲ သိမြင်တော်မူသော မြတ်စွာဘုရား
10.အလွန်ထက်မြက်သော ဉာဏ်တော်ကြီးကို ရတော်မူပါပေသော မြတ်စွာဘုရား
11.သဗ္ဗညုဉာဏ်တော်ကြီးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
12.နည်းပေးလမ်းပြဆရာမရှိဘဲ သဗ္ဗညုတဉာဏ်တော်ကြီး ရတော်မူသော မြတ်စွာဘုရား
13.သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူသော မြတ်စွာဘုရား

http://sankooo.iblogger.org/%e1%80%9e%e1%80%99%e1%81%bc%e1%80%ac%e1%80%9e%e1%80%99%e1%81%ba%e1%80%b3%e1%80%92%e1%81%b6-%e1%80%82%e1%80%af%e1%80%8f%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9/

4 comments:

ကိုကိုးအိမ်(မန္တလေး) said...

သကြားမင်းကြိးရေဟိုတစ်နေ့ကတစ်ခေါက်ရောက်တယ် ဘာမှမရှိလို့ပြန်လှည့်သွားရတယ် အဟီး ဒီနေ့လာလည်တော့ ဂုဏ်တော်တွေင်ထားတာတွေ့လို့ အားရပါးရ သာဓုခေါ်သွားပါတယ်ခင်ဗျာ

KO KO said...

လာဦးမယ် ကိုမိုးကုတ်သားရေ ဘလော့ကလုပ်ထားတာကြာပြီ။ ဘာမှမရေးဖြစ်တာ။

ကိုကိုးအိမ်(မန္တလေး) said...

သကြားမင်းကြိးရေ ကျွန်တော် အကို့ကိုလင့်ခ်ချိတ်လိုက်ပီနော် အော် ဒါနဲ့ ကျွန်တော့်အနေနဲ့တော့ Cbox လေးထည့်စေချင်တယ် ခုလိုမျိုးဆိုတော့ အိမ်ရှင်က စိမ်းကားနေသလိုပဲ အဟဲ

KO KO said...

ကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော်က အခုမှလေ့လာနေတုန်းပါဗျာ။
စီဘောက် ကိုဘယ်လိုထည့်ရမလဲမသိသေးဘူး။