အရဟံ ဗဟိ အႏၲဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
Showing posts with label ဘုရားရှိခိုးများ. Show all posts
Showing posts with label ဘုရားရှိခိုးများ. Show all posts
မဟာသမယသုတ် (အနက်)
မဟာသမယသုတ် (နတ်အစည်းအဝေး)
၁။ အကျွနု်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။
ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
''ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ'' ဟု (အကြံဖြစ်၏)။
၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။
ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွနု်ပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏'' ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏'' ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏'' ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့'' ဟု (ရွတ်ဆို၏)။
၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
''ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။
ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။
ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာ အပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြား ပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့''ဟု (မိန့်တော်မူ၏)။
''ကောင်းပါပြီ အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။
၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-
(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာ ဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်းပါးတည်း ကိန်းအောင်းလေ့ရှိ ကုန်၏၊ ဖြူစင်သော စိတ်ရှိ၍ နောက်ကျု ကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော် နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ အနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာ အားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏-
ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြား ပေအံ့။
၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင် ၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေ သော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်၏။
၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသော အခြံအရံ ရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒအမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။
အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။
မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။
အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက်အရပ်၌ဝိရူ ပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက် တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပ ကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။
၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သော လှည့်စား တတ်ကုန် သော ကောက်ကျစ်စဉ်းလဲ တတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ် ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ -
စန္ဒနနတ် ကာမသေဋ္ဌနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ် သြပမညနတ် ရထားထိန်းမာတလိနတ် စိတ္တမည်သောဂန္ဓဗ္ဗနတ် သေနမည်သောဂန္ဓဗ္ဗနတ် စိတ္တသေနမည်သောဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပ ဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည် လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည် နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌ နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏၊ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက် ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင်ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည်ကောင်းကင် ခရီးဖြင့် တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည်သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြ ကုန်၏။
၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သောအသူရာ တို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏၊ တန်ခိုးကြီးကုန်၏၊ အခြံအရံများကုန်၏။ ကာလက ဉ္စ အသူရာတို့သည် ကြီးမား၍ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ကို ဖန်ဆင်းလျက်လာကုန်၏။ ဒါနဝေဃသမည်သော (လေးသမား) အသူရာ ဝေပ စိတ္တိအသူရာ သုစိတ္တိအသူရာပဟာရာဒအသူရာတို့သည် မာရ်နတ်သားနှင့် တကွ လာရောက်ကုန်၏။ အားလုံးပင် ဝေရောစအမည်ရှိကုန်သော ဗလိအသူရာကြီး ၏ သားတစ်ရာ တို့သည် ဗလိအသူရာစစ်တပ်ကိုလက်နက်တပ်ဆင်ပြီးလျှင် ရာဟုအသူရိန်ကြီးထံ ချဉ်းကပ်၍ သင့်အား ကောင်းခြင်းမင်္ဂလာ (ဖြစ်ပါစေသတည်း)၊ မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ သွားရန် အချိန်တန်ပါပြီ ဟု ပြောဆိုကုန်၏။
၁ဝ။ ထိုအခါ၌ အာပေါနတ် ပထဝီနတ် တေဇောနတ် ဝါယောနတ် ဝရုဏနတ် ဝါရဏနတ် သောမနတ်တို့သည် ယသနတ်နှင့်တကွ လာရောက်ကုန်၏၊ အခြံအရံ များကုန်သော မေတ္တာနတ် ကရုဏာနတ်တို့ သည်လည်း လာရောက်ကုန်၏။ တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ဆယ်မျိုးကွဲပြားသော ဤ နတ်အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဏ္ဍုနတ် သဟလိနတ် အသမနတ်တို့နှင့်တကွ ယမနတ် နှစ်မျိုးတို့သည် လာ ရောက်ကုန်၏၊ လ၏အခြံအရံဖြစ်သော နတ်တို့သည် လနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏။ နေ၏ အခြံအရံဖြစ်သော နတ်တို့သည် နေနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏၊ ကြယ်တို့၏ အခြံအရံ ဖြစ်ကြကုန်သော နတ်တို့သည် ကြယ်နတ်မင်းတို့ကို ရှေ့ ထား၍ လာရောက်ကုန်၏၊ မန္ဒဝလာဟကနတ် တို့သည်လည်း လာရောက်ကုန်၏။ နတ်တို့၏ အကြီးအမှူးဖြစ်သော ရှေ့၌အလှူ ပေးဖူးသည့် ဝါသဝမည်သော သိကြား မင်းသည်လည်း လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ထိုမှတစ်ပါး မီးလျှံကဲ့သို့ တောက်ပသော သဟဘူနတ်တို့သည် လည်းကောင်း အောက်မဲညိုပွင့်နှင့်တူသော အဆင်းရှိကုန်သော အရိဋ္ဌကနတ် တို့သည် လည်းကောင်း ရောဇနတ် တို့သည် လည်းကောင်း- ဝရုဏနတ်တို့သည် လည်းကောင်း သဟဓမ္မနတ်တို့သည် လည်းကောင်း အစ္စုတနတ် တို့သည် လည်းကောင်း အနေဇကနတ်တို့သည် လည်းကောင်း သုလေယျနတ်တို့သည်လည်းကောင်း ရုစိရ နတ် တို့သည် လည်းကောင်း လာရောက်ကုန်၏၊ ဝါသဝနေသီ အမည်ရှိသော နတ်တို့သည် လာရောက် ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သမာနနတ် တို့သည် လည်းကောင်း မဟာသမာနနတ် တို့သည် လည်းကောင်း မာနုသနတ် တို့သည် လည်းကောင်း မာနုသုတ္တမနတ် တို့သည် လည်းကောင်း ခိဣာပဒေါသိကနတ် တို့သည် လည်းကောင်း လာရောက် ကုန်၏။ မနောပဒေါသိကနတ် တို့သည်လည်း လာရောက်ကုန်၏။ ထိုမှတစ်ပါး ဟရိနတ် တို့သည် လည်းကောင်း လောဟိတဝါသီနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။ အခြံအရံများသော ပါရဂနတ်တို့သည် လည်းကောင်း မဟာပါရဂနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုး အာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခု တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သုက္ကနတ်တို့သည် လည်းကောင်း ကရ မ္ဘနတ် တို့သည် လည်းကောင်း အရုဏနတ် တို့သည် လည်းကောင်း ဝေဃနသနတ် တို့နှင့်တကွ လာရောက် ကုန်၏၊ သြဒါတဂယှ မည်သော ပါမောက္ခနတ်တို့သည် လည်းကောင်း ဝိစက္ခဏနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။ သဒါမတ္တနတ် တို့သည် လည်းကောင်း ဟာရဂဇနတ် တို့သည် လည်းကောင်း အခြံ အရံများကုန်သော မိဿကနတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အရပ် မျက်နှာတို့၌ မိုးရွာစေလျက် သွားလာလေ့ရှိသော ပဇ္ဇုန္နနတ်သည်လည်း မိုးထစ် ချုန်းစေ လျက် လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခု တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ခေမိယနတ်တို့သည် လည်းကောင်း တုသိတာ (ပြည်၌နေသော) နတ်တို့သည် လည်းကောင်း ယာမာ (ပြည်၌နေသော) နတ်တို့သည် လည်းကောင်း အခြံအရံများကုန်သော ကဋ္ဌကနတ်တို့သည် လည်းကောင်း လမ္ဗီတကနတ် တို့သည် လည်းကောင်း လာမသေဋ္ဌနတ် တို့သည် လည်းကောင်း ဇောတိမည်သော နတ်တို့သည် လည်းကောင်း အာသဝ နတ်တို့သည် လည်းကောင်း နိမ္မာနရတိနတ် တို့သည် လည်းကောင်း ပရနိမ္မိတ (ဝသဝတ္တီ) နတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အားလုံး ပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ထိုခြောက်ကျိပ်သော နတ်အစုအရုံးတို့သည်အမည် အနွယ်အလိုက် လာရောက်ကုန်၏၊
(အမျိုးအမည်) တူသော တစ်ပါးသော နတ်တို့သည်လည်း လာရောက် ကုန်သေး၏။ ပဋိသန္ဓေနေခြင်း ကင်းပြီးသော၊ (ရာဂ ဒေါသ မောဟ တည်းဟူသော) ခလုတ် တံသင်း မရှိသော၊ သြဃလေးဖြာ မှကူးမြောက်ပြီး သော၊ အာသဝေါတရား မရှိသော အရိယသံဃာတော်ကို လည်းကောင်း ညစ်ညူးခြင်း ကင်းသည့် လမင်းသဖွယ် တင့်တယ်တော်မူသော၊ သြဃလေးဖြာမှ ကူးမြောက်စေတော်မူသော မြတ်စွာဘုရားကို လည်းကောင်း ဖူးမြော်ကုန်အံ့ ဟု (ကြွေးကြော်၍လာကုန်၏)။
၁၁။ တန်ခိုးကြီးမားတော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော သုဗြဟ္မာမည်သော ဗြဟ္မာနှင့် ပရမတ္ထမည်သော ဗြဟ္မာတို့သည် အတူလာရောက် ကုန်၏၊ သနင်္ကုမာရဗြဟ္မာနှင့် တိဿဗြဟ္မာ တို့သည်လည်း မဟာဝုန်တော ရဟန်း တို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ လက်တစ်ချောင်းဖြင့် စကြာဝဠာတစ်ထောင် လက်ဆယ်ချောင်းဖြင့် စကြာဝဠာ တစ်သောင်း တိုင်အောင် အရောင်အဝါ ပျံ့နှံ့စေနိုင်သော ဗြဟ္မာတစ်ထောင်သည် အစည်းအဝေးသို့ လာရောက်၏၊ ဗြဟ္မာပြည်၌ ပဋိသန္ဓေ အားဖြင့် ဖြစ်သော အာနုဘော်နှင့်ပြည့်စုံသော ကြီးသောကိုယ်ရှိသော ကျက်သရေနှင့် ပြည့်စုံ သော မဟာဗြဟ္မာသည် အခြားဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်စိုးလျက် တည်၏။ ဗြဟ္မာတစ်ထောင်စီ အသီးသီး အစိုးရကုန်သော မဟာဗြဟ္မာဆယ်ဦးတို့သည် ဤအစည်းအဝေးသို့ လာရောက်ကုန်၏၊ ထိုဗြဟ္မာတို့အနက် ဟာရိတမည်သော မဟာဗြဟ္မာသည်လည်း (ဗြဟ္မာတစ်သိန်း) ခြံရံလျက် လာရောက်၏။
၁၂။ ရဟန်းတို့ မာရ်နတ်၏ မိုက်မဲပုံကို ရှုကုန်လော့၊ သိကြား မဟာဗြဟ္မာတို့ နှင့်တကွ ရှေးရှု လာကုန်သော ထိုနတ်ဗြဟ္မာ အားလုံးတို့ဆီသို့ မာရ်နတ်၏ စစ်သည် တို့သည် ရှေးရှုချီတက်လာကြ ကုန်ပြီ။ လာကြကုန်လော့၊ ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ ရာဂဖြင့် ချည်တုပ် ကြကုန်လော့၊ ထက်ဝန်းကျင်မှ ဝိုင်းဝန်းထားကြကုန်လော့။ သင်တို့သည် တစ်ဦး တစ်ယောက်ကိုမျှ မလွတ်စေကြ ကုန်လင့်။ ဤသို့ ဆိုလျက် စစ်သည်များစွာရှိသော မာရ်နတ်မင်းသည် မြေပြင်ကို လက်ဖြင့် ပုတ်ခတ်၍ လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းရွာသကဲ့သို့ ကြောက်မက်ဖွယ်အသံကို ပြုလျက် ထိုအစည်းအဝေးသို့ မာရ်စစ်သည်ကို စေလွှတ်၏၊ ထိုအခါ မာရ်နတ် မင်းသည် မိမိအလိုအတိုင်း မဖြစ်သောကြောင့် ပြင်းစွာ အမျက်ထွက်လျက် ပြန်ရ လေ၏။
၁၃။ စက္ခုငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားသည် ထိုအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြား မှတ်သားတော်မူပြီးလျှင် သာသနာတော်၌ မွေ့လျော်ကုန် သော တပည့်သာဝကတို့အား ''ရဟန်းတို့ မာရ်နတ်စစ်သည် တို့သည် ရှေးရှုချီတက် လာကုန်၏၊ ထိုမာရ်နတ်စစ်သည် တို့ကို သိကုန်လော့'' ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အမိန့်တော်ကို ကြား၍ (သိအောင်) အားထုတ် ကုန်၏၊ (မာရ်စစ်သည်တို့သည်) ထိုရဟန္တာတို့၏ မွေးညင်းကိုမျှလည်း မလှုပ်ရှားစေနိုင်သည် ဖြစ်၍ ထိုရဟန္တာတို့ထံမှ ဖဲခွါသွားလေကုန်ပြီ၊ (ထိုအခါ မာရ်နတ်မင်း သည် ရဟန်းသံဃာကို အာရုံပြု၍ ဤဂါထာကို ရွတ်ဆို၏)။ စစ်ပွဲကို အောင်မြင်ပြီးကုန်သော ကြောက်ရွံ့ခြင်း ကင်းပြီး ကုန်သော ကျော်စောခြင်း ရှိကုန်သော လူအပေါင်း၌ ထင်ရှားကုန်သော ထို (အရိယာ) သာဝက အားလုံးတို့ သည် (အခြား) အရိယာတို့နှင့် အတူ ဝမ်းမြောက် ကြလေကုန်သတည်း။
မဟာသမယသုတ် ပြီး၏။
ခေါင်းစဉ်များ
ဒီဃနိကာယ,
ဘုရားရှိခိုးများ
မဟာသမယသုတၱံ
မဟာသမယသုတၱံ
၁။ ဧဝံ မေ သုတံ -- ဧကံ သမယံ ဘဂဝါ
သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ အထ ခေါ စတုန္နံ သုဒ္ဓါဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ -- ''အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ ယံနူန မယမ္ပိ ယေန ဘဂဝါ တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာ''တိ။
ခေါင်းစဉ်များ
ဒီဃနိကာယ,
ဘုရားရှိခိုးများ
ပစ္စယနိဒ္ဒေသ
(၁) ဟေတုပစ္စယ- ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္မယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စေယော။
(၂) အာရမ္မဏပစ္စယ- အာရမ္မဏပစ္စယောတိ။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စေယော။
ခေါင်းစဉ်များ
ပဋ္ဌာန်း,
ဘုရားရှိခိုးများ
ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခြင်း
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်……
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။
ဂါထာအနက်အဓိပ္ပာယ်
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
ဓာရဏပရိတ်
ဓာရဏပရိတ် ပါဠိတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။
ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိ-သင်္ခါနုပေက္ခာ၊ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊
ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယ-ဘီတာနံ အဂ္ဂံ မဟာတေဇံ။
ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ဝါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂေယျ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယ ဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာ ယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဓာရဏပရိတ္တံ နိဋ္ဌိတံ။
ဓာရဏပရိတ် မြန်မာပြန်
မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ်ယောက်သောသူသည် ဘေးအန္တရာယ် မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို တစ်စုံတစ်ယောက်သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့အတွက်ရည်မှန်းထားသောပစ္စည်းလေးပါးကိုတစ်စုံတစ်ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက် သောသူသည် ဘေးအန္တရာယ် မပြုနိုင်။
ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။
ကျေးဇူးတရားသုံးပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အလုံးစုံသော ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့အစဉ်လိုက် သည်။ အလုံးစုံသော နှုတ်ဖြင့်ပြု အပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည် ဉာဏ်တော်၏နောက်သို့အစဉ်လိုက်သည်။ အလုံးစုံသော (မနော) စိတ်ဖြင့်ပြုအပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။
ကျေးဇူးတရားခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သတ္တဝါတို့၏ အကျိုးစီးပွားကိုပြု လိုသော ဆန္ဒသည်ဆုတ်ယုတ်ခြင်းမရှိ။ တရားတော်ကို ဟောပြောရာ၌ ဆုတ်ယုတ်ခြင်းမရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယသည် ဆုတ်ယုတ်ခြင်းမရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့် ရှုမှု ဝိပဿနာဉာဏ်သည် ဆုတ်ယုတ်ခြင်းမရှိ။ စိတ်တည် ကြည်ခြင်း သမာဓိသည် ဆုတ်ယုတ်ခြင်းမရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော်မူ ခြင်း၌ ဆုတ်ယုတ်ခြင်းမရှိ။
ကျေးဇူးတရား တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းမရှိ။ သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်းမရှိ။ ဉာဏ်တော်ဖြင့် မတွေ့မထိမသိအပ် သော တရားသည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် အဆောတလျင်ပြုမူခြင်း မရှိ။ သူတစ်ပါးအတွက် ကြောင့်ကြမဲ့သောစိတ်သည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်မရှိ။
ဤကျေးဇူးတရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ ရှိခိုးပါ၏။ ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမဏ, ကဿပ, ဂေါတမ, ခုနှစ်ဆူသော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။
ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည် ကိုယ်ဖြင့်ပြုအပ်သော ”ကာယဒုစရိုက်မှု”သည် မရှိ။ နှုတ်ဖြင့်ပြု အပ်သော ”ဝစီဒုစရိုက်မှု”သည် မရှိ။ စိတ်ဖြင့်ပြုအပ်သော ”မနောဒုစရိုက်မှု” သည် မရှိ။ လွန်လေပြီးသော ကာလ၌ မြတ်စွာဘုရားရှင်အား ဆီးတားပိတ်ပင် သောဉာဏ်သည်မရှိ။ နောင်လာလတ္တံ့သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မျက်မှောက်သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မြတ်စွာဘုရားအား အလုံးစုံကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့ သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံနှုတ်ဖြင့် ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံစိတ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။
ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် နှိုင်းယှဉ်ရာ တူမျှရာမရှိ၊ ခပ်သိမ်းသောသတ္တဝါတို့၏ မှီခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်း ရာလည်းဖြစ်၏။ သံသရာဘေးကို ကြောက်တတ်သောသူတို့အတွက် အလွန် မြတ်သော အရံအတားဖြစ်၏၊ ကြီးသောတန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတား ဖြစ်၏။
ချစ်သားအာနန္ဒာ ဤသို့တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏ ပရိတ်တော်ကို ရွတ်ဆောင်လော့၊ မှတ်သားလော့၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။
ထိုသို့ မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သူ၏ကိုယ်၌ မြွေစသည်တို့၏အဆိပ် သည် မကျရောက်ရာ၊ ရေ၌ မနစ်မွန်းရာ၊ မီးသည်မလောင်ကျွမ်းရာ၊ အထူးထူးသော ဘေးရန်တို့သည် မကျရောက်ရာ၊ တစ်စုံတစ်ယောက်သောသူ သည် တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် မကောင်းမကြံနိုင်ရာ၊ ရူးသွပ်ပျံ့ လွင့်သော စိတ်ဝေဒနာလည်း မဖြစ်နိုင်ရာ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ၊ ဘီလူးတို့သည်လည်း မညှဉ်းဆဲမဖျက်ဆီး မနှိပ်စက်နိုင်ရာ။
ထိုဓာရဏပရိတ်တော်သည် အဘယ်နည်းဟူမူ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အပေါင်း တို့ကို လောင်ကျွမ်းပယ်ဖြောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင် ၏။ ရောဂါဘေး, လက်နက်ဘေး, အစာငတ်မွတ်သည့် ဘေးဟုဆိုအပ်သော ကပ်သုံးပါးမှလည်း ကင်းလွတ် စေနိုင်၏။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း ဆွံ့, အ, နားပင်း, ရူးသွပ်ခြင်း အနာရောဂါ ဘေးမှလွတ် စေနိုင်၏။ သစ်ပင်, တောင်, ခြောက်ကမ်းပါးမှ ကျရောက်သော်လည်း ဘေး မဖြစ်နိုင်။ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာကိုလည်း ရစေနိုင်သည်။ ရရှိပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ် ပြန့်ပွားစေနိုင်သည်။ ဟုတ်မှန် သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ခုနှစ်ဆယ့်ခုနှစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းသောအ ကျိုးနှင့်ယှဉ်၏၊ မကောင်းသောအကျိုးနှင့်မယှဉ်။ ကောင်းသောတရားအရသာ အနံ့မျိုးကို ဆောင်၏၊ မကောင်းသောတရားအရသာ အနံ့မျိုးကို မဆောင်။ ကောင်းသောစိတ်နှလုံးကိုဆောင်၏၊ မကောင်းသော စိတ်နှလုံးကိုမဆောင်။ သူတော်ကောင်းတို့နှင့်ပေါင်းဖေါ် ယှဉ်တွဲ မှီဝဲရသည်မည်၏၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖေါ်မယှဉ်တွဲ မမှီဝဲရသည် မည်၏။ ကောင်းသောကိုယ် ကိုဖြစ်စေ၏၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ကောင်းသောကုသိုလ်အမှုကို ပြုဆောင်ရ၏၊ မကောင်းသောအကုသိုလ်အမှုကို မပြုမဆောင်ရ။ ကောင်းသော အိပ်မက်ကို မြင်မက်ရ၏၊ မကောင်းသော အိပ်မက်ကိုမမြင်မက်ရ။ ကောင်းသော အတိတ်နမိတ်ကို မြင်ရ၏၊ မကောင်းသော အတိတ်နမိတ်ကို မမြင်ရ။
သစ်ပင်တို့ကိုလည်း အကိုင်း, အခက်, အရွက်, အလက်တို့နှင့် ပြည့်စုံစေနိုင်၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေကုန် သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ မကောင်းသဖြင့် ကြံစည်သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ရောဂါအန္တရာယ် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့ မဖြစ်စေနိုင်။ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏။
ဤမှန်ကန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း ငါ့အားချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် မြန်မာပြန်ပြီး၏။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
ဓမၼစၾကာ
ဓမ္မစကြာအမွှန်း
ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ၊
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော၊
စတုသစ္စံ ပကာသေန္တော၊လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိ သာဓကံ၊
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။
ဓမ္မစကြာနိဒါန်း
ဧဝံမေသုတံ၊ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟာရတိ ဣသိပတနေ မိဂဒါယေ၊ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ။
ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ၊
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော၊
စတုသစ္စံ ပကာသေန္တော၊လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိ သာဓကံ၊
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။
ဓမ္မစကြာနိဒါန်း
ဧဝံမေသုတံ၊ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟာရတိ ဣသိပတနေ မိဂဒါယေ၊ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
သရဏဂုံ နှင့် အာဇီဝဋ္ဌမကသီလခံယူပုံ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
သရဏဂုံ နှင့် ကိုးပါးသီလခံယူပုံ
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
သရဏဂုံ နှင့် ရှစ်ပါးသီလခံယူပုံ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
သရဏဂုံ နှင့် ငါးပါးသီလခံယူပုံ
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ
“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။
ကပ်သုံးပါးဆိုသည်မှာ
(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။
ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။
ကပ်သုံးပါးဆိုသည်မှာ
(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။
ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
ခေါင်းစဉ်များ
ဘုရားရှိခိုးများ
Subscribe to:
Posts (Atom)