Showing posts with label တောင်ပုလုဆရာတော်. Show all posts
Showing posts with label တောင်ပုလုဆရာတော်. Show all posts

သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်း




တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ့ ပတ်သတ်တဲ့ ဆောင်းပါးကောင်းလေး ကိုမျှဝေပေး လိုက်ပါတယ် ..
ဗုဒ္ဓဘာသာဝင်တို့ ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း အကြောင်း သိမှတ်ဖွယ်ရာ ထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်း ဘဲဆောက်တည် လို့ ရပါတယ်။ ဘုရားရှင် လက်ထက် သရဏဂုံ ဆောက်တည်ကြ တာလဲတောင်းခံ ပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေ ကို နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါယနေ့ ကစ ပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက် တည် လိုက်တာပဲဖြစ်ပါတယ်။